မနက်စာ ပေါင်မုန့်အဖြစ်လည်း စားသုံးနိုင်သလို အဆာပြေမုန့်အဖြစ်လည်း စားသုံးနိုင်တဲ့ စတော်ဘယ်ရီ ပေါင်မုန့်လိပ်ကြော်က ပြုလုပ်ရလွယ်ကူတဲ့အပြင် အရသာလည်းရှိတဲ့အတွက်ကြောင့် ကလေး လူးကြီး ကျား၊ မ မရွေး ကြိုက်နှစ်သက်ကြတဲ့အစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၈ ချပ်
  • ခရင်မ်ချိစ် ၂ အောင်စ
  • စတော်ဘယ်ရီ အလုံးကြီး ၄ လုံး (ရေဆေးပြီး လေးထောင့်အတုံးငယ် လှီးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး

  • နွားနို့ စားပွဲတင်ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်ချပ်များကို ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်ပြီးနောက်

၂။ ထို့နောက် ပေါင်မုန့်အနားသတ်များကို လှီးထုတ်လိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံးနှင့် သစ်ကြမ်းပိုးခေါက်အမှုန့်တို့ကို သမအောင် မွှေခလောက်ထားပါ။

၄။ ထို့နောက် နွားနို့နှင့် ဗနီလာတို့ကို ပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ ပေါင်မုန့်ကို ခရင်မ်ချိစ်များ သုတ်လိမ်းထားပါ။ ထို့နောက် စတော်ဘယ်ရီသီးလေးများ ဖြူးထည့်လိုက်ပါ။ ပြီးရင်တော့ ပေါင်မုန့်ကို တင်းကြပ်နေအောင် လိပ်ပါ။

၆။ ရရှိလာတဲ့ ပေါင်မုန့်လိပ်များကို စောစောက ကြက်ဥအရောအနှောထဲ ထည့်နှစ်လိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးပြီး ထောပတ်များအရည်ပျော်သွားအောင် စောင့်ပါ။ ထောပတ်အရည်ပျော်သွားပါက ပေါင်မုန့်ချောင်းများ ထည့်ကြော်လိုက်ပါ။

ပေါင်မုန့်လိပ်များ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ စတော်ဘယ်ရီ ပေါင်မုန့်လိပ်ကြော်များ ရရှိသွားပါပြီ။

ထိုပေါင်မုန့်လိပ်ကို နို့ဆီ၊ သကြား (သို့) ပျားရည်တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Cravinghomecooked.com