ရာသီဥတုကလည်းပူလာပြီ…. ရင်အေးတာလေးလည်းသောက်ချင်တယ်…. အီမှာလည်းကြောက်တယ်ဆိုရင် Strawberry  Smoothie လေး ဖျော်သောက်ကြည့်ပါ။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး နည်းနည်း
  • သစ်ကြားသီး ၁ လက်တဆုပ်စာ
  • ပျားရည် 1 TSP
  • နို့ ၄ အောင်စ
  • ရေခဲခွက် ¼ ခွက်

ချက်ပြုတ်နည်းအဆင့်ဆင့်

စတော်ဘယ်ရီသီးများကို ရေဆေးပြီး လှီးထားပါ။

ပါဝင်ပစ္စည်းများအားလုံးကို Blender ထဲတွင် ထည့်ပြီး နို့ကို နောက်ဆုံးမှ လောင်းထည့်ပါ။ပြီးရင် ဖန်ခွက်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။