အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၅) မျိုးတည်းနဲ့ ပြုလုပ်ထားတဲ့ စတော်ဘယ်ရီ ဒိန်ချဉ် ရေခဲမုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၁ ပေါင်ခန့် (ရွက်ညှာများကို ဖယ်ရှားပြီးနောက် ရေဆေးကာ ပါးပါးလှီးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဗို့ဒ်ကာ စားပွဲတင်ဇွန်း ၁ ဇွန်း
  • လတ်လတ်ဆတ်ဆတ် ညစ်ထားသော သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် စတော်ဘယ်ရီ၊ သကြား၊ ဗို့ဒ်ကာနှင့် သံပုယိုရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

ထို့နောက် စတော်ဘယ်ရီသီးများကို သကြားရည်ထဲတွင် တစ်နာရီခန့် စိမ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ စတော်ဘယ်ရီသီးနှင့် သကြားရည်အရောအနှော၊ ဒိန်ချဉ်တို့ကို ဖျော်စက်ထဲထည့်ကာ အနှစ်များရသွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ စတော်ဘယ်ရီအနှစ်ထဲမှ စတော်ဘယ်ရီစေ့များကို ဖယ်ရှားဖို့ရန်အတွက် ဆန်ခါဖြင့် အရည်စစ်ချလိုက်ပါ။ (စာဖတ်သူအနေနဲ့ အစေ့စားရလည်း ကိစ္စမရှိဘူးဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်။ ဒါပေမဲ့ အစေ့မပါတဲ့ရေခဲမုန့်က ပိုအရသာရှိပါတယ်။)

၄။ ရရှိလာတဲ့ စတော်ဘယ်ရီအနှစ်များကို ရေခဲသေတ္တာထဲ ခဲသွားတယ်ဆိုရုံလေးသာ အအေးခံထားလိုက်ပါ။

၅။ စတော်ဘယ်ရီမျက်နှာပြင်က တင်းတင်းရင်းရင်းလေးဖြစ်သွားတဲ့အခါ ဖျောက်စက်ထဲ နောက်တစ်ခေါက် ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ရေခဲမုန့်အဖတ်လေးတွေလို ဖြစ်သွားပါပြီ။

၆။ ရရှိလာတဲ့ ရေခဲမုန့်ကို ပလစ်စတစ်ဘူးထဲထည့်ကာ အဖုံးလုံအောင် ပိတ်ပြီးနောက် ရေခဲသေတ္တာထဲ ပြန်အအေးခံထားလိုက်ပါ။

နောက်ဆုံးမှာတော့ မိမိစိတ်ကြိုက်စားသုံးနိုင်တဲ့ စတော်ဘယ်ရီ ဒိန်ချဉ် ရေခဲမုန့်လေး ရရှိသွားပါပြီ။

Source: Onceuponachef.com