အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၁၆ အောင်စခန့်
  • သကြားညို ၂၀၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • Heavy ခရင်မ် ၂၄၀ ဂရမ်
  • နွားနို့ ၂၅၀ မီလီလီတာ

  • Vanilla Extract လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို အညှာချွေထားပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။

၂။ ထိုစတော်ဘယ်ရီသီးများကို ဒယ်အိုးပြားတစ်လုံးထဲထည့်ပြီးနောက် စတော်ဘယ်ရီ၊ သကြား၊ ဆားတို့ဖြင့် ရောမွှေလိုက်ပါ။ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ရောမွှေပေးရပါမယ်။

၃။ ရရှိလာတဲ့ စတော်ဘယ်ရီ သကြားဖျော်ရည်ကို ဖျော်စက်ထဲထည့်ကာ စတော်ဘယ်ရီအတုံးအခဲများမကျန်ရှိတော့သည်အထိ မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ စတော်ဘယ်ရီဖျော်ရည်ကို ဒယ်အိုးထဲ ပြန်ထည့်ပြီး ၅ မိနစ်ခန့် အနံ့မွှေးလာသည်အထိ တည်ပေးလိုက်ပါ။

၅။ (၅) မိနစ်ပြည့်တဲ့အခါ ထိုစတော်ဘယ်ရီဖျော်ရည်ကို လေလုံဘူးထဲထည့်ပြီးနောက် Heavy Cream ၊ နွားနို့၊ Vanilla တို့ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်ညခန့် ထည့်ထားလိုက်ပါ။

မနက်လင်းတဲ့အခါမှာတော့ အရသာရှိတဲ့ စတော်ဘယ်ရီရေခဲမုန့်လေး ရရှိသွားပါပြီ။

ထမင်းစားပြီးတိုင်းမှာ အချိုပွဲအနေနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

Source: Lifemadesweeter.com