အခုနောက်ပိုင်းမှာတော့ ပန်ကိတ်တွေက လူကြိုက်အရမ်းများလာပါတယ်။ ပန်ကိတ်တွေက မိသားစုနဲ့အတူ လုပ်စားလို့လည်းရသလို၊ မနက်ပိုင်းမှာ ကော်ဖီလေးနဲ့လည်း တွဲဖက်စားသုံးလို့ရပါတယ်။ ဒါကြောင့် မိသားစုနဲ့အတူလုပ်စားလို့ရအောင် စတော်ဘယ်ရီပန်ကိတ်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးအကြီးထဲကို နွားနို့ – တစ်ခွက်ခွဲစာ၊ ကြက်ဥ – ၂ လုံး၊ Lemon Juice – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ Vanilla – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ထည့်မွှေပါ။

Source: www.tasty.com

နောက်ထပ်ပန်းကန်လုံးအသစ်ထဲကို ဂျုံမှုန့်- တစ်ခွက်ခွဲစာ၊ သကြား – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာ၊ ဆန်မှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ Baking Powder – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ – အနည်းငယ်တို့ကို ထည့်မွှေပါ။ ပြီးရင် ခုနကလုပ်ထားတာတွေနဲ့ရောထည့်ပြီး မွှေပေးပါ။

Source: www.tasty.com

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲကို ထောပတ် – စားပွဲတင်ဇွန်း ၆ ဇွန်းစာထည့်ပြီး ထောပတ်တွေအရည်ပျော်သွားရင်တော့ ခုနကပန်းကန်ထဲသွားထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ ခုနကဒယ်အိုးထဲကို အကုန်လောင်းထည့်ပြီး (၁၅) မိနစ်လောက် အဖုံးပိတ်ပြီး တည်ထားလိုက်ပါ။ အချိန်ပြည့်ရင် နောက်တစ်ဖက်ကိုလှန်ပေးပြီး တည်ထားလိုက်ပါ။

Source: www.tasty.com

ရလောက်ပြီဆိုရင်တော့ ပန်းကန်ပြားထဲပြောင်းထည့်ပြီး ကိုယ်လိုသလိုလှီးကာ ပန်းကန်ထဲထည့်ပေးပါ။ ပြီးတာနဲ့ အပေါ်ကနေ စတော်ဘယ်ရီယိုလေးတွေဆမ်းပြီး၊ စတော်ဘယ်ရီသီးတွေတင်ကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ မိသားစုနဲ့အတူစားနိုင်တဲ့ စတော်ဘယ်ရီပန်ကိတ်ကို ရရှိသွားပါပြီ။

Source: www.tasty.com

Source: www.tasty.com