နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဘယ်လိုရာသီတွေကူးပြောင်းသွားပါစေ သစ်သီးဝလံတွေကတော့ မျိုးတုံးသွားတယ်လို့မရှိဘဲ အမြဲစားလို့ကောင်းနေဆဲပါပဲ။
အခုတစ်ခါမှာလည်း နေ့လည်နေ့ခင်းအပြောင်းအလဲအနေနဲ့ ခေတ်ဆန်တဲ့ သရေစာလေးတွေ လုပ်စားချင်တယ်ဆိုသူများအတွက် အသားအရေလည်းလှစေပြီး ကျန်းမာရေးနဲ့လည်းညီညွတ်မယ့် သစ်သီးသုပ်လေးတစ်ပွဲနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- စတော်ဘယ်ရီ – ပန်းကန်လုံး တစ်ခွက်စာ
- သရက်သီး – ပန်းကန်လုံး တစ်ခွက်စာ
- နံနံပင် (နုပ်နုပ်စဉ်းပြီး) – စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်နီ (နုပ်နုပ်စဉ်းပြီး) – ပန်းကန်လုံး လေးပုံတစ်ပုံ
- သံပုရာသီး – ၁ လုံး
- ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပြုလုပ်ပုံ
စတော်ဘယ်ရီသီးများကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပြီး ပန်းကန်လုံးကြီးကြီးတစ်လုံးထဲ ထည့်လိုက်ပါ
သရက်သီးကိုလည်း အခွံခွာပြီးတော့ စတော်ဘယ်ရီသီးများလို အတုံးသေးသေးလေးတွေ လှီးပြီးထည့်လိုက်ပါ။
ကြက်သွန်နီကိုလည်း နုပ်နုပ်စဉ်းပြီးထည့်လိုက်ပါ။
သံပုရာသီးကို အခြမ်းခြမ်းပြီးတော့ အသီးတွေပေါ်ကို အရည်ညှစ်ချလိုက်ပါ။
ပျားရည်ထည့်ပါ။
နောက်ဆုံးအနေနဲ့ နံနံပင်ကိုလှီးဖြတ်ပြီးထည့်လိုက်ပါ။
အားလုံးထည့်သွင်းပြီးရင်တော့ သေချာနှံ့အောင် နယ်ပေးပြီးရင် အရသာရှိတဲ့ သစ်သီးသုပ်လေးရပါပြီ။
Source: tastykitchen.com