နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဘယ်လိုရာသီတွေကူးပြောင်းသွားပါစေ သစ်သီးဝလံတွေကတော့ မျိုးတုံးသွားတယ်လို့မရှိဘဲ အမြဲစားလို့ကောင်းနေဆဲပါပဲ။

အခုတစ်ခါမှာလည်း နေ့လည်နေ့ခင်းအပြောင်းအလဲအနေနဲ့ ခေတ်ဆန်တဲ့ သရေစာလေးတွေ လုပ်စားချင်တယ်ဆိုသူများအတွက် အသားအရေလည်းလှစေပြီး ကျန်းမာရေးနဲ့လည်းညီညွတ်မယ့် သစ်သီးသုပ်လေးတစ်ပွဲနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီ – ပန်းကန်လုံး တစ်ခွက်စာ
  • သရက်သီး – ပန်းကန်လုံး တစ်ခွက်စာ
  • နံနံပင် (နုပ်နုပ်စဉ်းပြီး) – စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ (နုပ်နုပ်စဉ်းပြီး) – ပန်းကန်လုံး လေးပုံတစ်ပုံ
  • သံပုရာသီး – ၁ လုံး
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပြုလုပ်ပုံ

စတော်ဘယ်ရီသီးများကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပြီး ပန်းကန်လုံးကြီးကြီးတစ်လုံးထဲ ထည့်လိုက်ပါ

သရက်သီးကိုလည်း အခွံခွာပြီးတော့ စတော်ဘယ်ရီသီးများလို အတုံးသေးသေးလေးတွေ လှီးပြီးထည့်လိုက်ပါ။

ကြက်သွန်နီကိုလည်း နုပ်နုပ်စဉ်းပြီးထည့်လိုက်ပါ။

သံပုရာသီးကို အခြမ်းခြမ်းပြီးတော့ အသီးတွေပေါ်ကို အရည်ညှစ်ချလိုက်ပါ။

ပျားရည်ထည့်ပါ။

နောက်ဆုံးအနေနဲ့ နံနံပင်ကိုလှီးဖြတ်ပြီးထည့်လိုက်ပါ။

အားလုံးထည့်သွင်းပြီးရင်တော့ သေချာနှံ့အောင် နယ်ပေးပြီးရင် အရသာရှိတဲ့ သစ်သီးသုပ်လေးရပါပြီ။

Source: tastykitchen.com