သစ်သီးဖျော်ရည် ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီမစ်ရှိတ်ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီ တစ်ပေါင်ခွဲ
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သစ်ခွအရသာ ရေခဲမုန့် ၁၆ အောင်စခန့်
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နွားနို့ ဖန်ခွက် တစ်ဝက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

စတော်ဘယ်ရီသီးများရဲ့ ထိပ်အရွက်များကို ခွာလိုက်ပြီးနောက် စတော်ဘယ်ရီးသီးများကို ပါးပါးလှီးထားပါ။

ထိုလှီးထားသော စတော်ဘယ်ရီသီးများကို သကြားနဲ့ ရောနှောပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ် ၂၀၊ မိနစ် ၆၀ ခန့် ထည့်ထားလိုက်ပါ။ သကြားနဲ့ ကြာကြာစိမ်ထားလေ စတော်ဘယ်ရီအရည်များများထွက်လေပဲ ဖြစ်ပါတယ်။

အချိန်ပြည့်သွားပါ သစ်သီးဖျော်စက်ထဲသို့ စတော်ဘယ်ရီသီးများ၊ ရေခဲမုန့်၊ သစ်ခွရည်နှင့် နွားနို့များထည့်ကာ ဖျော်စက်ဖြင့် ကြိတ်ချေလိုက်ပါ။ စတော်ဘယ်ရီမစ်ရှိတ်ဖျော်ရည်များ ရရှိလာပါလိမ့်မယ်။

ရရှိလာတဲ့ စတော်ဘယ်ရီမစ်ရှိတ်ကို ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

Source: justsotasty.com