ကိတ်မုန့် ကြိုက်နှစ်သက်သူများအတွက် စတော်ဘယ်ရီသီးများ ထည့်မြှုပ်ထားတဲ့ စတော်ဘယ်ရီသီး Muffins ကို မိမိအိမ်မှာ အလွယ်တကူလုပ်စားလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၄၀ ဂရမ်နှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ထောပတ် ၁ ခဲ (၁၁၃ ဂရမ်)
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ကြက်ဥ ၂ လုံး
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • စတော်ဘယ်ရီသီး ၄၀၀ ဂရမ် (ရွက်ညှာများကို ဖယ်ရှားကာ အတုံးသေးသေး လှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်။ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို သမအောင် ရောမွှေထားပါ။

၂။ စတော်ဘယ်ရီသီးများကို ပါးပါးလှီးပြီးနောက် ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနယ်ထားပါ။

၃။ ထို့နောက် အလှဆင်ဖို့ရန်အတွက် စတော်ဘယ်ရီ ၁၀၀ ဂရမ် (ပန်းကန်လုံးအသေး တစ်ဝက်ခန့်)ကို သပ်သပ်ဖယ်ထားလိုက်ပါ။

၄။ အခြားပန်းကန်လုံးတွင် ထောပတ်နှင့် သကြားတို့ကို လျှပ်စစ်မွှေစက်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၅။ ထို့နောက် ကြက်ဥ ၁ လုံးဖောက်ထည့်ကာ ထပ်မွှေပါ။ နောက်ထပ် ကြက်ဥ ၁ လုံး ထပ်ဖောက်ထည့်ကာ ထပ်မွှေပေးရပါမယ်။

၆။ ဗနီလာထည့်ပြီးနောက် ထပ်မွှေပါ။

၇။ ထို့နောက် ဂျုံမှုန့်အရောအနှောနှင့် နွားနို့ကို နည်းနည်းချင်းစီဖြင့် တစ်လှည့်စီထည့်ကာ မွှေစက်ဖြင့် မွှေပေးပါ။

၈။ နောက်ဆုံးမှာတော့ စတော်ဘယ်ရီသီးများထည့်ကာ ဇွန်းအကြီးဖြင့် သမအောင် ရောမွှေလိုက်ပါ။

Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ပုံစံခွက်ငယ်များကို ဆီဖြင့် သုတ်လိမ်းထားပါ။

၉။ စတော်ဘယ်ရီမုန့်နှစ်များကို ပုံစံခွက်ငယ်ထဲ အညီအမျှ ခွဲထည့်လိုက်ပါ။

၁၀။ ထို့နောက် စောစောက ဖယ်ထားတဲ့ စတော်ဘယ်ရီအနည်းငယ်ကို အပေါ်ယံလွှာတွင် အလှဆင်ထားလိုက်ပါ။

၁၁။ ထို့နောက် Oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ စတော်ဘယ်ရီသီများ နစ်မြှုပ်နေတဲ့ စတော်ဘယ်ရီ Muffins လေးများ ရရှိသွားပါပြီ။

Source: Onceuponachef.com