စတော်ဘယ်ရီသီး ကြိုက်နှစ်သက်သူတွေနဲ့ ရေခဲချောင်းချစ်သူများအတွက် မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ စတော်ဘယ်ရီကွတ်ကီးကပ် ရေခဲချောင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီရေခဲမုန့် ၉၄၆ ဂရမ်
  • သကြားကွတ်ကီး (သို့) မိမိနှစ်သက်ရာ ကွတ်ကီးတစ်မျိုးမျိုး ၄ ချပ်
  • စတော်ဘယ်ရီသီးအခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အရည်ဖျော်ထားသော ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီရေခဲမုန့်များကို ရေခဲချောင်းပြုလုပ်မယ့် ပုံစံခွက်ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။

၂။ ထို့နောက် ရေခဲချောင်း တုတ်ချောင်းများ ထိုးစိုက်ကာ အေးခဲသွားဖို့ရန်အတွက် ရေခဲသေတ္တာထဲတွင် ၄ နာရီခန့် အအေးခံထားလိုက်ပါ။

၃။ ရေခဲချောင်းအအေးခံနေစဉ်တွင် ကွတ်ကီးများကို အစာကြိတ်စက်ထဲထည့်ပြီး အမှုန့်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၄။ ပလပ်စတစ်အိတ်တစ်လုံးထဲတွင် စတော်ဘယ်ရီသီးအခြောက်များ ထည့်ပြီး ဒလှိမ့်တုံးဖြင့် ကြေမွသွားအောင် လှိမ့်ပေးလိုက်ပါ။ ထို့နောက် စောစောက ကွတ်ကီးများဖြင့် ရောနှောကာ သမအောင် မွှေလိုက်ပါ။

၅။ ထို့နောက် ထောပတ်ရည်များ လောင်းထည့်ကာ နောက်ဆုံးတစ်ကြိမ် မွှေပါ။

၆။ ရရှိလာတဲ့ စတော်ဘယ်ရီကွတ်ကီးများကို ပန်းကန်ပြားထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ်အနည်းငယ်ကြာ အအေးခံထားလိုက်ပါ။

၇။ သတ်မှတ်ချိန် ၄ နာရီပြည့်သွားပါက ရေခဲချောင်းပုံစံခွက်ကို ရေနွေးနွေးထဲတွင် စက္ကန့် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် ရေခဲချောင်းများကို အပြင်ထုတ်လိုက်ပြီး တစ်မိနစ်ခန့် စောင့်ပါ။ ပြီးရင်တော့ စတော်ဘယ်ရီကွတ်ကီးများဖြင့် ရေခဲချောင်းရဲ့လေးဘက်လေးတန်ကို ကပ်ပေးလိုက်ပါ။

၈။ ရရှိလာတဲ့ စတော်ဘယ်ရီကွတ်ကီးရေခဲချောင်းများကို ဆီစုပ်စက္ကူ ခံထားသောလင်ဗန်းပေါ်တင်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ပြန်အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ မိမိစားချင်တဲ့အချိန်မှာ အချိန်မရွေးထုတ်စားနိုင်တဲ့ အရသာရှိသော စတော်ဘယ်ရီကွက်ကီး ရေခဲချောင်းများ ရရှိသွားပါပြီ။

Source: Thespruceeats.com