အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးတိုင်းမှာ တစ်ခုခုအချိုတည်းတတ်တဲ့အလေ့အကျင့်တစ်ခု ရှိကြပါသလား။ အချိုတည်းချင်သူများအတွက် ဒီတစ်ခါမှာတော့ စတော်ဘယ်ရီဒိန်ချဉ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း သုံးမျိုးတည်းရှိရုံနဲ့တင် မချိုမချဉ်လေးနဲ့ အရသာရှိမယ့် စတော်ဘယ်ရီဒိန်ချဉ် အချိုပွဲလေး ပြုလုပ်နိုင်တယ်နော်။

ပါဝင်ပစ္စည်းများ

  • မှည့်ပြီးသား စတော်ဘယ်ရီသီးများ ၃၀၀ ဂရမ်
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဒိန်ချဉ် ၁၂၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးများကို ဖန်ခွက်ထဲထည့်ပြီးနောက် ခက်ရင်းနဲ့ဖြစ်ဖြစ် ကတ်ကြေးနဲ့ဖြစ်ဖြစ် ချေမွပေးလိုက်ပါ။

၂။ ပျားရည်ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ဒိန်ချဉ်ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၃။ ထို့နောက် အရသာအချိုအချဉ်လေးမြည်းကြည့်ပြီး အချိုအရသာကြိုက်ပါက ပျားရည်လေး ထပ်ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီဒိန်ချဉ်လေး ရရှိသွားပါပြီ။ ဒီထက်ပိုပြီး အလှဆင်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်ရဲ့အပေါ်ယံပိုင်းကို ချောကလက်ခဲလေးများ၊ ခရင်မ်လေးများ ထပ်ထည့်ပေးလိုက်ပါ။

Source: Ifoodreal.com