အားလုံးပဲ မင်္ဂလာပါ။ ဆိုင်မှာဝယ်သောက်ရင် အကုန်အကျများလို့ ပိုက်ဆံချွေတာချင်သူတွေအတွက် အိမ်မှာပဲဖျော်သောက်လို့ရအောင် Orange Smoothie ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ Orange Smoothie က စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတဲ့အပြင် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်ဆည်းပေးနိုင်တာကြောင့် အသားအရည်လှပချင်သူများအတွက် ကွက်တိပဲပေါ့။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီး ၂ လုံး

လိမ္မော်ရည် ၁ ခွက်

လိမ္မော်သီး ၁ လုံး

နွားနို့ လေးပုံသုံးပုံ

မုန်လာဥနီ ၁ လုံး

ရေခဲတုံး

ပြုလုပ်နည်း

Photo Source: thoughtsoverlattes.com

မှည့်ပြီးသား ငှက်ပျောသီး ၂ လုံးကို အခွံခွာပြီး အတုံးခပ်သေးသေးလေးတုံးးကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီခန့် အအေးခံထားပါ။

Photo Source: naattarasan.com

လိမ္မော်ဖျော်ရည်တစ်ခွက်

Photo Source: medium.com

လိမ္မော်သီးတစ်လုံးကို အခွံခွာပြီး အမျှင်တွေပါအကုန်အစင်ဖယ်ရှားပြီး အတုံးခပ်သေးသေးလေးဖြစ်အောင် ပြုလုပ်ထားပါ။

Photo Source: www.worldatlas.com

နွားနို့ လေးပုံသုံးပုံခန့်

Photo Source: ladiesvenue.ru

မုန်လာဥနီတစ်လုံးကို အခွံခွာပြီး အတုံးသေးသေးတုံးထားပါ

Photo Source: www.simplehealthykitchen.com

ထို့နောက် အဆင်သင့်ပြုလုပ်ထားသော ပါဝင်ပစ္စည်းများနဲ့ ရေခဲတုံးများကို သစ်သီးဖျော်စက်ထဲထည့်ပြီး ရောမွှေပြီးရင်တော့ အရသာရှိတဲ့ Orange Smoothie တစ်ခွက်ကို သောက်သုံးလို့ ရပြီပေါ့။