မြန်မာ ရိုးရာ မုန့်လုံးရေပေါ် ကို သင်္ကြန် ကာလမှာ များသောအားဖြင့် လုပ်စားကြတာများပါတယ် ။ သဘာ၀ ကာလာလေးတွေနဲ့ထူးထူး ဆန်းဆန်း လေး တပျော် တပါး ကြီး လုံးကြ ရ အောင် လေ ။ မစည် ရဲ့ တီထွင် မှုအသစ် လေးပါ။ အားပေး မှုများ တဲ့ အတွက် အားလုံး အတွက် အသစ်အဆန်း လေး ဖြစ်အောင် ဖော်ပြလိုက် ပါတယ် ။
I. ပါဝင်ပစ္စည်းများ (မုန့်လုံးရေပေါ် မုန့်နှစ် နှင့် အဆာ ထည့်ရန်)
- ဆန်မှုန့် စားပွဲဇွန်း ၁ ဇွန်း ခွဲ
- ကောင်းညှင်းမှုန့် ခွက် ၁ ခွက် ခွဲ (မုန့်လုပ်ရန်တိုင်းသောခွက်)
- ရေ စားပွဲဇွန်း ၁၃ ဇွန်း (2 ½ OZ) နည်းနည်းချင်း ထဲ့ပါ
- ပဲစင်းငုံပဲစိမ်း အနှစ် စားပွဲဇွန်း ၃ ဇွန်း (ပြုတ်ပြီး ကြိတ်ထားပါ မှုန့်ညက်နေအောင်)
- မုန်လာဥနီ အနှစ် စားပွဲဇွန်း ၃ ဇွန်း (ပြုတ်ပြီး ကြိတ်ထားပါ မှုန့်ညက်နေအောင်)
- ဆား နည်းနည်း
- မုန့်လုပ် ထညှစ် အခဲ ၅ ခဲ (အတုံးအသေးလေးတုံးပါ
မုန့် လုံးရေပေါ် အဆာ ထည့်ရန်) - Creamy Peanut Butter (သို့)နှမ်းအနှစ် စားပွဲဇွန်း ၃ ဇွန်း (မုန့်လုံးရေပေါ် အဆာ ထည့်ရန်)
- Mix-Dried Fruit သီးစုံအခြောက် စားပွဲဇွန်း ၂ ဇွန်း (မှုန့်မှုန့် လေးတွေလှီးပါ
အဆာထည့်ရန် Maple Syrup နှင့် နယ်ထားပါ) - Maple Syrup သကာရည် စားပွဲဇွန်း ၂ ဇွန်း (သကြားရည်လဲ သုံးလို့ရပါတယ်)
ပြုလုပ်နည်း
နယ်လို့ ရမည့် ခွက် အကြီး ထဲသို့ ဆန်မှုန့်၊ ကောင်းညှင်းမှုန့်၊ ဆား နှင် ရေ ထည့် နယ်ပါ။ ရေကိုဖြည်းဖြည်းချင်းထည့် ပါ။မုန့် အနှစ် နည်းနည်း မါနေပါလိမ့်မယ်။ရေ ထပ် မထည့် ပါ နှင့် ပဲစိမ်း အနှစ် နှင့် မုန်လာဥ အနှစ် ထဲ့ လျှင် ရေ ပါ တာကြောင့် ပါ။
ရလာသော မုန့်အနှစ်ခဲ ကို သုံးပုံ ပုံပါ။ တပုံ ကို ရိုးရိုး အဖြူရောင် လုံးဖို့ ထားပါ။
ကျန် နှစ်ပုံကို ပဲစိမ်း အနှစ် နဲ့ တပုံ ၊ မုန်လာဥနီ အနှစ် နဲ့ တပုံ နယ်ပေးပါ။ (လိုချင်သော ကာလာရောင်ပေါ်မှုတည်ပြီး အနှစ် ကို အလျှော့ထည့် လဲ ရပါ တယ်၊ ပိုထည့် လဲ ရပါတယ်)
ခုဆို အဖြူအရောင်၊ အစိမ်းအရောင် ၊ လိမ္မော်အရောင် မုန့်အနှစ်များ ကိုရရှိ မှာပါ။
Mix-dried fruit အမှုန့် ကိုသကြားအရည် လေးနဲ့နယ်ထားပါ အဆာမထည့် ခင်၊ အဖြူမုန့်နှစ် ကို လုံးလျှင် Mix-Dried Fruit အမှုန့် နဲ့ဆိုပို လိုက်ဖက်ပါတယ်။ အစိမ်းမုန့်နှစ် ကို Creamy Peanut Butter (သို့) နှမ်းအနှစ် အဆာထည့်ပါ။ လိမ္မော် မုန့်နှစ် ကိုတော့ မုန့်လုပ် ထညှစ် ထည့်လျှင် ထူးရှားတဲ့အရသာလေး ရရှိမှာ ပါ။
II. ပါဝင်ပစ္စည်းများ ( ဗာနီလာအုန်းသီးဆော့ မုန့်လုံးနဲ့တို့စားရန် )
- အုန်းရည် ခွက် တဝက် လောက်
- အုန်းသီး ခွက် တဝက် လောက် ခြစ်ထားပါ(ကြိုက် လျှင်များများထည့်ပါ)
- အုန်းသီး အရည် စားပွဲဇွန်း ၁၀ ဇွန်း
- ဆား နည်းနည်း
- မုန့်လုပ် ထညှစ် အခဲ ၁၀ ခဲ (အချို ကြိုက် လျှင်များများထည့်ပါ)
- ဗာနီလာ အရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နွားနို့ စားပွဲဇွန်း ၁၅ ဇွန်း
- ဂျုံမှုန့် စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
- အိုးအသေးလေး ထဲ ကို အုန်းရည် နှင့် နွားနို့ထည့်ပါ။ ဆူတဲ့အထိ မတည်ပါနှင့်။ မီးမျှင်မျှင်လေးနဲ့ တည်ပါ။
- ပူလာလျှင် ဂျုံမှုန့် ထဲ့ပါ အဆက် မပြတ် မွှေပေးပါ။ ပြီးလျှင် အုန်းသီး မှုန့်၊ ဆား နှင့် ထညှစ် ထဲ့ ပါ ခဏနေ လျှင် အုန်းသီးအရည် ကိုဖြည်းဖြည်း ချင်း ထည့်ပေးပါ။ မီး မျှင်မျှင် လေးနဲ့ တည်ပါ။
- မီးပိတ်ပါ။ ဗာနီလာ အရည် ထဲ့ မွှေပါ။ စားခန်း နီး နွေးယုံ ပြန်နွှေးပါ။ မုန့်လုံး နဲ့ တို့စားလို့ ရသလို မုန့်လုံး ပေါ်ကနေ လဲ ဆမ်း စားလို့ ရပါတယ်။ ခြစ် ထားသော အုန်းသီး မှုန့်ထပ် ဖြူးစားပါ။
III.ပါဝင်ပစ္စည်းများ (ပဲစင်းငုံပဲစိမ်း အနှစ်လုပ်နီး)
- ပဲစင်းငုံပဲစိမ်း ၁၀၀ ဂရမ်
- ဆား နည်းနည်း
- သကြား ဇွန်း တဝက် လက်ဖက်ရည်ဇွန်း (Diet ဆိုရင်မထည့်လဲရပါသည်)
- ရေ ၁ ခွက်
ပြုလုပ်နည်း
- အိုးထဲ ရေထည့် ပြီး ပဲစင်းငုံပဲစိမ်း ကို ဆား၊ သကြား၊ များဖြင့် ပြုတ်ပေးပါ။ နူး အိတဲ့ အထိ ပြုတ် ပါ၊
- နူးအိ လာလျှင် အအေးခံပြီး ကြိတ်စက် ထဲသို့ ထည့်ကြိတ်ပါ။ ပြစ်လာတဲ့ အထိပါ။
- ရလာသော ပဲစင်းငုံ အရည်ပြစ်ကို ဇကာအစိတ်ဖြင့် စစ်ပေးပါ။ လိုရာ နေရာ မှထည့် သုံးလို့ ရပါပြီး။
IV. ပါဝင်ပစ္စည်းများ (မုန်လာဥနီ အနှစ်လုပ်နီး)
- မုန်လာဥနီ ၅၀ ကျပ်သား ( အခွန်ခွာ ပြီး အတုံးများတုံးပါ)
- ဆား ဇွန်း တဝက် မရှိတရှိ လက်ဖက်ရည်ဇွန်း
- သကြား ၁ ဇွန်း လက်ဖက်ရည်ဇွန်း (Diet ဆိုရင ်မထည့်လဲရပါသည်)
- လေးညှင်းပွင့် ၁ ဇွန်း လက်ဖက်ရည်ဇွန်း
- ရေ ၁ ခွက် ခွဲ
ပြုလုပ်နည်း
- အိုးထဲ ရေထည့် ပြီး မုန်လာဥနီတုံး ကို ဆား၊ သကြား၊ လေးညှင်းပွင့် များဖြင့် ပြုတ်ပေးပါ။ နူးအိတဲ့ အထိ ပြုတ်ပါ၊
- နူးအိလာလျှင် အအေးခံ ပြီး ကြိတ်စက် ထဲသို့ ထည့်ကြိတ်ပါ။ ပြစ်လာတဲ့ အထိပါ။
- ရလာသော မုန်လာဥနီ အရည်ပြစ်ကို ဇကာအစိတ် ဖြင့် စစ် ပေးပါ။ လိုရာ နေရာ မှထည့် သုံးလို့ ရပါပြီ။
Credit: Syi Foodsgarden