ဝက်သားကို အဆီအနှစ်ဖြင့်ချက်ခြင်း၊ သုပ်ခြင်း၊ ပြုတ်ခြင်း အမျိုးမျိုးစားဖူးကြမှာဖြစ်သော်လည်း ဤ ၀က်သားအချဉ်သိပ်နည်းကိုတော့ လူအများစုရင်းနှီးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အလွန်အရသာရှိလှသည့် ဟင်းတစ်မျိုးဖြစ်တာကြောင့် အိမ်တိုင်းလူတိုင်း မြည်းကြည့်နိုင်အောင် နည်းလမ်းလေးဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်ခေါင်းသား (သို့) ၀က်သား (အသားချည်း) – ၅၀ ကျပ်သား

ဆန်ကိုပျော့အောင်ချက်ပြီးသား – နို့ဆီဘူး ၁ ဘူးချက်

သကြား၊ နနွင်း – အနည်းငယ်စီ

ဆား – ၅ ကျပ်သား

ပြင်ဆင်ပြုလုပ်ပုံ

ဝက်ခေါင်းသား (သို့) ၀က်သားကို အနေတော်အတုံးကလေးတွေတုံးပြီး ရေစင်အောင်ဆေးပေးပါ။ ရေစစ်ပြီး ဇလုံးကြီးတစ်လုံးတွင် ၀က်သားတုံး၊ ထမင်းပျော့ပျော့၊ ဆား၊ သကြား၊ နနွင်းတို့ ထည့်ပြီး သမအောင် နယ်ကာ လက်ဖ၀ါးနှင့်သေသေချာချာဖိပေးပါ။ ထိုကဲ့သို့ဖိသိပ်ပြီးပါက အဖုံးတစ်ခုခုလုံနေအောင် ဖုံးဖိပေးပြီး ၃ ရက်လောက်ထားရပါမယ်။ ၃ ရက်ဝန်းကျင်ကျရင် ၀က်သားချဉ်သိပ်ထားတာ ရပါပြီ။