ဒီတစ်ခေါက်တော့ အပြောင်းအလဲလေးဖြစ်သွားအောင် စားနေကြမဟုတ်တဲ့ ဘဲပေါင်းလေး ချက်စားကြမယ်နော်။ အရည်ရွှဲရွှဲလေးဆိုတော့ ထမင်းနဲ့နယ်စားတာပဲဖြစ်ဖြစ် ဒီအတိုင်းပဲဖြစ်ဖြစ် အမျိုးမျိုးလုပ်စားနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲအကောင်လိုက် (ခ၀၀) – တစ်ပိဿာ
  • ကြက်သွန်မြိတ် – ၁ ပင်
  • လေးညှင်း – ၂၀ ပွင့်
  • ချင်း – ၄ လွှာ
  • သစ်ကြံပိုး (၁” ရှည်) – ၃ ခု
  • စမုန်ပွင့် – ၄ ပွင့်
  • ရှယ်ရီအရက် – စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငါးပိရည် – စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၂ ဇွန်း
  • (မြုပ်အောင်ကြော်ရန်ဆီ လိုအပ်သရွေ့)

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ဘဲသားကို ပြင်ဆင်၍ ကျောဘက်မှခွဲချပါ။ ၁ လက်မအရှည်ဖြတ်ထားသော ကြက်သွန်မြိတ်၊ လေးညှင်း၊ ချင်းလွှာ၊ သစ်ကြံပိုး၊ စမုန်ပွင့်၊ ရှယ်ရီအရက်၊ ပဲငါးပိရည်နှင့် ဆားတို့ကို ရောစပ်ပြီး ဘဲမျက်နှာပြင်အားလုံးကို လူးနယ်ကာ သုံးနာရီကြာစိမ့်ဝင်အောင်ထားပါ။

အချိန်စေ့လျှင် စိမ်ပြီးဘဲကို ပေါင်းအိုးတစ်လုံးရှိ အိုးအတွင်း သို့မဟုတ် အဖုံးပိတ်ထားသောအိုးကြီးအတွင်းရှိ အိုးလေးတွင်ထည့်ပြီး ရေပေါ်တွင်ထား၍ (၂) နာရီခွဲခန့်ပေါင်းပါ။

နူးလာလျှင် ဆီကို အငွေ့ထွက်လာသည်အထိ အပူပေးပြီး ဘဲကို အညိုရောင်သမ်းသည်အထိ ဆီမြုပ်အောင်ကြော်ပါ။ ပြီးလျှင် ဆယ်ယူအအေးခံကာ အလျားလိုက်နှစ်ပိုင်းခြမ်းပြီး ကန့်လန့်ဖြတ်အမြှောင်းများ ပိုင်းဖြတ်ကာ တည်ခင်း၍ရပြီ ဖြစ်ပါတယ်။

မှတ်ချက် – ယခုဖော်ပြထားသော ပမာဏမှာ လူဆယ်ဦးစာဖြစ်တာကြောင့် မိသားစုဝင်အရေအတွက်ပေါ် မူတည်ပြီး အတိုးအလျော့ပြုလုပ်ပေးနိုင်ပါတယ်။