(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တာကတော့ ချောကလက်ရေခဲချောင်း ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပြုလုပ်နည်းတွေက လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိမိအိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်မယ့် ချောကလက်ရေခဲချောင်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
Source: Thermomix.com
- အုန်းနို့ ၈၀၀ မီလီလီတာ
- အချိုနည်းသော ချောကလက် ၈၅ ဂရမ်
- ကိုးကိုးမှုန့် ၂၂ ဂရမ်
- Vanilla Extract လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဇာတိပ္ဖိုလ်အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး အုန်းနို့များထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။
၂။ ပွက်ပွက်ဆူလာပါက မီးအပူကို ပိတ်လိုက်ပြီး ချောကလက်၊ ကိုးကိုးမှုန့်၊ Vanilla Extract ၊ သစ်ကြမ်းပိုးခေါက်နှင့် ဇာတိပ္ဖိုလ်အမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အအေးခံထားလိုက်ပါ။
၃။ ချောကလက် အုန်းနို့အရည်များ အေးသွားပါက ရေခဲချောင်းပြုလုပ်သည့် ပုံစံခွက်ထဲသို့ ဖျော်ရည်များကို လောင်းထည့်လိုက်ပါ။ ထို့နောက် တုတ်ချောင်းထည့်ကာ ရေခဲသေတ္တာထဲတွင် ၄ နာရီခန့် အအေးခံထားလိုက်ပါ။
၄။ ရေခဲချောင်းများ အေးသွားပြီဆိုရင်တော့ ရေခဲချောင်းများကို ပုံစံခွက်ထဲက ဖယ်ရှားရပါမယ်။ အလွယ်တကူဖယ်ရှားနိုင်ဖို့ရန်အတွက် ဇလုံအကြီးတစ်လုံးထဲတွင် ကြက်သီးနွေး ရေနွေး ထည့်ထားလိုက်ပါ။ ထိုရေနွေးထဲသို့ ပုံစံခွက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ရေခဲချောင်းများကို အလွယ်တကူ ထုတ်ယူလို့ရပါပြီ။
မိမိစားချင်တဲ့အချိန်ကျမှ ရေခဲသေတ္တာထဲက ထုတ်စားလို့လည်း ရပါတယ်။
Source: Sugarfreelondoner.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ေရခဲေခ်ာင္း ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တာကေတာ့ ေခ်ာကလက္ေရခဲေခ်ာင္း ျပဳလုပ္နည္းပဲျဖစ္ပါတယ္။
ျပဳလုပ္နည္းေတြက လြယ္ကူရိုးရွင္းတဲ့အတြက္ေၾကာင့္ မိမိအိမ္မွာပဲ အလြယ္တကူ လုပ္စားႏိုင္မယ့္ ေခ်ာကလက္ေရခဲေခ်ာင္းပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
Source: Thermomix.com
- အုန္းႏို႔ ၈၀၀ မီလီလီတာ
- အခ်ိဳနည္းေသာ ေခ်ာကလက္ ၈၅ ဂရမ္
- ကိုးကိုးမႈန္႔ ၂၂ ဂရမ္
- Vanilla Extract လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- သစ္ၾကမ္းပိုးေခါက္ အမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ဇာတိပိၹဳလ္အမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး အုန္းႏို႔မ်ားထည့္ကာ ပြက္ပြက္္ဆူလာသည္အထိ တည္ထားလို္က္ပါ။
၂။ ပြက္ပြက္ဆူလာပါက မီးအပူကို ပိတ္လိုက္ၿပီး ေခ်ာကလက္၊ ကိုးကိုးမႈန္႔၊ Vanilla Extract ၊ သစ္ၾကမ္းပိုးေခါက္ႏွင့္ ဇာတိပိၹဳလ္အမႈန္႔တို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ အေအးခံထားလိုက္ပါ။
၃။ ေခ်ာကလက္ အုန္းႏို႔အရည္မ်ား ေအးသြားပါက ေရခဲေခ်ာင္းျပဳလုပ္သည့္ ပံုစံခြက္ထဲသို႔ ေဖ်ာ္ရည္မ်ားကို ေလာင္းထည့္လိုက္ပါ။ ထို႔ေနာက္ တုတ္ေခ်ာင္းထည့္ကာ ေရခဲေသတၲာထဲတြင္ ၄ နာရီခန္႔ အေအးခံထားလိုက္ပါ။
၄။ ေရခဲေခ်ာင္းမ်ား ေအးသြားၿပီဆိုရင္ေတာ့ ေရခဲေခ်ာင္းမ်ားကို ပံုစံခြက္ထဲက ဖယ္ရွားရပါမယ္။ အလြယ္တကူဖယ္ရွားႏိုင္ဖို႔ရန္အတြက္ ဇလံုအႀကီးတစ္လံုးထဲတြင္ ၾကက္သီးေႏြး ေရေႏြး ထည့္ထားလိုက္ပါ။ ထိုေရေႏြးထဲသို႔ ပံုစံခြက္ထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ ေရခဲေခ်ာင္းမ်ားကို အလြယ္တကူ ထုတ္ယူလို႔ရပါၿပီ။
မိမိစားခ်င္တဲ့အခ်ိန္က်မွ ေရခဲေသတၲာထဲက ထုတ္စားလို႔လည္း ရပါတယ္။
Source: Sugarfreelondoner.com