(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ရေခဲချောင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တာကတော့ ချောကလက်ရေခဲချောင်း ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပြုလုပ်နည်းတွေက လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိမိအိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်မယ့် ချောကလက်ရေခဲချောင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Thermomix.com

  • အုန်းနို့ ၈၀၀ မီလီလီတာ
  • အချိုနည်းသော ချောကလက် ၈၅ ဂရမ်
  • ကိုးကိုးမှုန့် ၂၂ ဂရမ်
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဇာတိပ္ဖိုလ်အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး အုန်းနို့များထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၂။ ပွက်ပွက်ဆူလာပါက မီးအပူကို ပိတ်လိုက်ပြီး ချောကလက်၊ ကိုးကိုးမှုန့်၊ Vanilla Extract ၊ သစ်ကြမ်းပိုးခေါက်နှင့် ဇာတိပ္ဖိုလ်အမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အအေးခံထားလိုက်ပါ။

၃။ ချောကလက် အုန်းနို့အရည်များ အေးသွားပါက ရေခဲချောင်းပြုလုပ်သည့် ပုံစံခွက်ထဲသို့ ဖျော်ရည်များကို လောင်းထည့်လိုက်ပါ။ ထို့နောက် တုတ်ချောင်းထည့်ကာ ရေခဲသေတ္တာထဲတွင် ၄ နာရီခန့် အအေးခံထားလိုက်ပါ။

၄။ ရေခဲချောင်းများ အေးသွားပြီဆိုရင်တော့ ရေခဲချောင်းများကို ပုံစံခွက်ထဲက ဖယ်ရှားရပါမယ်။ အလွယ်တကူဖယ်ရှားနိုင်ဖို့ရန်အတွက် ဇလုံအကြီးတစ်လုံးထဲတွင် ကြက်သီးနွေး ရေနွေး ထည့်ထားလိုက်ပါ။ ထိုရေနွေးထဲသို့ ပုံစံခွက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ ရေခဲချောင်းများကို အလွယ်တကူ ထုတ်ယူလို့ရပါပြီ။

မိမိစားချင်တဲ့အချိန်ကျမှ ရေခဲသေတ္တာထဲက ထုတ်စားလို့လည်း ရပါတယ်။

Source: Sugarfreelondoner.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ေရခဲေခ်ာင္း ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တာကေတာ့ ေခ်ာကလက္ေရခဲေခ်ာင္း ျပဳလုပ္နည္းပဲျဖစ္ပါတယ္။

ျပဳလုပ္နည္းေတြက လြယ္ကူရိုးရွင္းတဲ့အတြက္ေၾကာင့္ မိမိအိမ္မွာပဲ အလြယ္တကူ လုပ္စားႏိုင္မယ့္ ေခ်ာကလက္ေရခဲေခ်ာင္းပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

Source: Thermomix.com

  • အုန္းႏို႔ ၈၀၀ မီလီလီတာ
  • အခ်ိဳနည္းေသာ ေခ်ာကလက္ ၈၅ ဂရမ္
  • ကိုးကိုးမႈန္႔ ၂၂ ဂရမ္
  • Vanilla Extract လက္ဖက္ရည္ဇြန္း ၂ ဇြန္း
  • သစ္ၾကမ္းပိုးေခါက္ အမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ဇာတိပိၹဳလ္အမႈန္႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ဒယ္အိုးကို အပူေပးၿပီး အုန္းႏို႔မ်ားထည့္ကာ ပြက္ပြက္္ဆူလာသည္အထိ တည္ထားလို္က္ပါ။

၂။ ပြက္ပြက္ဆူလာပါက မီးအပူကို ပိတ္လိုက္ၿပီး ေခ်ာကလက္၊ ကိုးကိုးမႈန္႔၊ Vanilla Extract ၊ သစ္ၾကမ္းပိုးေခါက္ႏွင့္ ဇာတိပိၹဳလ္အမႈန္႔တို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ အေအးခံထားလိုက္ပါ။

၃။ ေခ်ာကလက္ အုန္းႏို႔အရည္မ်ား ေအးသြားပါက ေရခဲေခ်ာင္းျပဳလုပ္သည့္ ပံုစံခြက္ထဲသို႔ ေဖ်ာ္ရည္မ်ားကို ေလာင္းထည့္လိုက္ပါ။ ထို႔ေနာက္ တုတ္ေခ်ာင္းထည့္ကာ ေရခဲေသတၲာထဲတြင္ ၄ နာရီခန္႔ အေအးခံထားလိုက္ပါ။

၄။ ေရခဲေခ်ာင္းမ်ား ေအးသြားၿပီဆိုရင္ေတာ့ ေရခဲေခ်ာင္းမ်ားကို ပံုစံခြက္ထဲက ဖယ္ရွားရပါမယ္။ အလြယ္တကူဖယ္ရွားႏိုင္ဖို႔ရန္အတြက္ ဇလံုအႀကီးတစ္လံုးထဲတြင္ ၾကက္သီးေႏြး ေရေႏြး ထည့္ထားလိုက္ပါ။ ထိုေရေႏြးထဲသို႔ ပံုစံခြက္ထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ ေရခဲေခ်ာင္းမ်ားကို အလြယ္တကူ ထုတ္ယူလို႔ရပါၿပီ။

မိမိစားခ်င္တဲ့အခ်ိန္က်မွ ေရခဲေသတၲာထဲက ထုတ္စားလို႔လည္း ရပါတယ္။

Source: Sugarfreelondoner.com