အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နို့ကိတ်မုန့်လေးကို မိမိဘာသာအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရမယ့်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • သကြား ဖန်ခွက် တစ်ဝက်ခွဲခန့်
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ဖန်ခွက် ၂ ခွက်

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
  • နွားနို့ ဖန်ခွက် ၁ ခွက်

  • ထောပတ် လက်ဖက်ရည်ဇွန်း ၈ ဇွန်း
  • သကြား ဖန်ခွက် ၈ ပုံ ၁ ပုံခန့် (မုန့်ရရှိလာပါက အပေါ်တွင် သကြားဖြူးရန်)
  • သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဥ ၄ လုံး မွှေခလောက်ပြီး သကြား ဖန်ခွက် ၁ ခွက်ခွဲခန့် ထည့်ကာ ထပ်မွှေခလောက်ထားပါ။ သစ်ခွရည် ထပ်မံထည့်ထားပါ။

အခြား ပန်းကန်လုံးအသစ်တစ်လုံးထဲမှာ ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါနဲ့ ဆားများကို ရောနယ်ထားပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥထဲသို့ ဖြည်းဖြည်းချင်းစီလောင်းထည့်ပါ။

အိုးအသေးတစ်လုံးထဲတွင် နွားနို့နှင့် ထောပတ်တို့ထည့်ပြီး ကြိုထားပါ။ ထောပတ်က ပူပြီး အရည်ပျော်လာသည်အထိ ကြိုပါ။

ကြိုပြီး ရရှိလာသော ထောပတ် နွားနို့အရောအနှောကို ကြက်ဥ၊ ဂျုံမှုန့်အရောအနှောထဲသို့ ပေါင်းထည့်ပြီး  အတုံးအခဲများမရှိဘဲ ချောမွတ်လာသည်အထိ မွှေခလောက်ပေးပါ။

မွှေခလောက်ပြီးနောက် ရရှိလာသော အနှစ်များကို ၉ လက်မအထူရှိသော ကိတ်မုန့်ဖုတ်မည့် အိုးထဲသို့လောင်းထည့်လိုက်ပါ။ ထို့နောက် ကြိုတင် အပူပေးထားသော Oven ထဲတွင် မိနစ် ၃၀၊ ၃၅ မိနစ်ခန့် အထိ ထည့်ထားလိုက်ပါ။

သစ်ကြမ်းပိုးခေါက်မှုန့်နှင့် သကြားကို ရောလိုက်ပါ။ ကိတ်မုန့်ဖုတ်ထားသည့် အချိန်ပြည့်ပါက Oven ထဲမှာ ထုတ်လိုက်ပြီး သစ်ကြမ်းပိုးခေါက် သကြားမှုန့်များကို ကိတ်မုန့်အပေါ်တွင် ဖြူးပေးလိုက်ပါ။

ထို့နောက် မိမိကြိုက်နှစ်သက်ရာပုံစံအတိုင်းလှီးဖြတ်ပြီးနောက် ပန်းကန်ပြားလေးထဲထည့်ကာ ကော်ဖီ (သို့) လက်ဖက်ရည် (သို့) နွားနို့တို့နှင့်တွဲဖက်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com