အားလုံးပဲ မင်္ဂလာပါ။ ရိုးရာမုန့်များကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဆွီဒင်လူမျိုးများရဲ့ ရိုးရာပန်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • နွားနို့ ၇၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
  • အရည်ဖျော်ပြီးသား ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံမှုန့် ၁၈၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥများကို သမအောင် မွှေခလောက်ပြီးနောက် နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ဂျုံမှုန့်အနည်းငယ် ဆားနှင့် သကြား အနည်းငယ် ထပ်ထည့်ကာ သမအောင် ထပ်မွှေပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ထိုကြက်ဥပန်းကန်ထဲသို့ပင် နွားနို့ များများ၊ ထောပတ် ထည့်ပါ။ ကျန်ရှိနေသော ဂျုံမှုန့်နှင့် နွားနို့တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ (သို့) ထောပတ် အနည်းငယ်ထည့်ပါ။ ဒယ်အိုးထဲသို့ စောစောကနယ်ထားသော မုန့်နှစ် အနည်းငယ် လောင်းထည့်ကာ ဒယ်အိုးလက်ကိုင်ကနေတဆင့် ဒယ်အိုးကို လှည့်စောင်းလိုက်ပါ။ ဒါဆိုရင် မုန့်နှစ်များက ဒယ်အိုးမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားပါလိမ့်မယ်။

၄။ မုန့်နှစ် ဘေးသားက ပူစီဖောင်းလေး ထလာပြီး အညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့ လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။

မုန့်မျက်နှာပြင်က ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ မုန့်ကို လိပ်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲတွင် ခပ်ထည့်ထားလိုက်ပါ။

မုန့်နှစ်များ ကုန်သွားသည်အထိ အထက်ဖော်ပြပါ နည်းလမ်းကို အသုံးပြုပြီး Pancake ပြုလုပ်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ သစ်သီးအချို့ဖြင့် အလှဆင်ကာ ပျားရည်အနည်းငယ် ဆမ်းထည့်ပြီး အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Lilluna.com