(Unicode)

ကြက်ကြော် ကြိုက်နှစ်သက်တဲ့ Foodies တို့အားလုံး မင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာတော့ မိမိအိမ်မှာပဲ အလွယ်တကူကြော်စားလို့ရတဲ့ ကြက်ချိုချဉ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ရင်အုံသား တစ်ပေါင်ခန့် (အတုံးခပ်သေးသေးတုံးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
• နှမ်းအနည်းငယ်
• ကြက်ဥအကာ တစ်လုံး
• ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

• ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း
• သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
• ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
• ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ရေ စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ဇလုံတစ်လုံးထဲထည့်ပြီးနောက် ကြက်ဥအကာ၊ ပြောင်းမှုန့်နှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ခရမ်းချဉ်သီးဆော့စ်၊ သကြား၊ ရှာလကာရည်၊ ဆားနှင့် ရေတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၈ ဇွန်းထည့်ကာ ကြက်သားများကို ၁၅ မိနစ်ခန့် ကြော်ပေးရပါမယ်။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားပါက ကြက်သားတုံးများကို ဆယ်ယူလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲက ဆီများကို ဆယ်ယူလိုက်ပါ။ သို့သော အားလုံးမဆယ်ယူဘဲ စားပွဲတင်ဇွန်း တစ်ဇွန်းစာခန့် ချန်ထားခဲ့ပါ။ ထိုဒယ်အိုးထဲသို့ စောစောကမွှေထားသော ဆော့စ်များ လောာင်းချလိုက်ကာ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ပြီးမှ ကြော်ထားသော ကြက်သားတုံးများကို ထိုဒယ်အိုးထဲသို့ ပြန်ထည့်ပြီး ၃ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။


၆။ ဆော့စ်များ ကြက်သားပေါ်မှာ ညီညီညာညာပြန့်နှံ့သွားတဲ့အခါမှာတော့ ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ ကြက်ချိုချဉ်ပေါ်သို့ နှမ်းစေ့များ ဖြူးထည့်ပြီးနောက်မှာတော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com

(Zawgyi)

ၾကက္ေၾကာ္ ႀကိဳက္ႏွစ္သက္တဲ့ Foodies တို႔အားလံုး မဂၤလာပါေနာ္။ ဒီတစ္ေခါက္မွာေတာ့ မိမိအိမ္မွာပဲ အလြယ္တကူေၾကာ္စားလို႔ရတဲ့ ၾကက္ခ်ိဳခ်ဥ္ေၾကာ္ ေၾကာ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ရင္အံုသား တစ္ေပါင္ခန္႔ (အတံုးခပ္ေသးေသးတံုးထားပါ)
  • ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၈ ဇြန္းႏွင့္ ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဇြန္း
  • ႏွမ္းအနည္းငယ္
  • ၾကက္ဥအကာ တစ္လံုး
  • ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ေဆာ့စ္ျပဳလုပ္ရန္အတြက္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား

  • ခရမ္းခ်ဥ္သီးေဆာ့စ္ စားပြဲတင္ဇြန္း ၄ ဇြန္း
  • သၾကား စားပြဲတင္ဇြန္း ၂ ဇြန္း
  • ရွာလကာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္း
  • ေရ စားပြဲတင္ဇြန္း တစ္ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကက္သားကို ဇလံုတစ္လံုးထဲထည့္ၿပီးေနာက္ ၾကက္ဥအကာ၊ ေျပာင္းမႈန္႔ႏွင့္ ဟင္းခ်က္ဝိုင္တို႔ထည့္ကာ သမေအာင္ နယ္ထားလိုက္ပါ။ ထို႔ေနာက္ ၁၀ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။

၂။ ပန္းကန္လံုးတစ္လံုးထဲတြင္ ခရမ္းခ်ဥ္သီးေဆာ့စ္၊ သၾကား၊ ရွာလကာရည္၊ ဆားႏွင့္ ေရတို႔ထည့္ၿပီး သမေအာင္ ေမႊထားလိုက္ပါ။

၃။ ဒယ္အိုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၈ ဇြန္းထည့္ကာ ၾကက္သားမ်ားကို ၁၅ မိနစ္ခန္႔ ေၾကာ္ေပးရပါမယ္။ ၾကက္သားမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ၾကက္သားတံုးမ်ားကို ဆယ္ယူလိုက္ပါ။

၄။ ထို႔ေနာက္ ဒယ္အိုးထဲက ဆီမ်ားကို ဆယ္ယူလိုက္ပါ။ သို႔ေသာ အားလံုးမဆယ္ယူဘဲ စားပြဲတင္ဇြန္း တစ္ဇြန္းစာခန္႔ ခ်န္ထားခဲ့ပါ။ ထိုဒယ္အိုးထဲသို႔ ေစာေစာကေမႊထားေသာ ေဆာ့စ္မ်ား ေလာာင္းခ်လိုက္ကာ ၃ မိနစ္ခန္႔ ေမႊေပးလိုက္ပါ။

၅။ ၿပီးမွ ေၾကာ္ထားေသာ ၾကက္သားတံုးမ်ားကို ထိုဒယ္အိုးထဲသို႔ ျပန္ထည့္ၿပီး ၃ မိနစ္ခန္႔ ထပ္ေၾကာ္ေပးရပါမယ္။

၆။ ေဆာ့စ္မ်ား ၾကက္သားေပၚမွာ ညီညီညာညာျပန္႔ႏွံ႔သြားတဲ့အခါမွာေတာ့ ပန္းကန္ထဲေျပာင္းထည့္လိုက္ပါ။ ရရွိလာတဲ့ ၾကက္ခ်ိဳခ်ဥ္ေပၚသို႔ ႏွမ္းေစ့မ်ား ျဖဴးထည့္ၿပီးေနာက္မွာေတာ့ အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Spicetheplate.com