အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အရသာရှိတဲ့ ကြက်ချိုချဉ်ကြော်ဟင်းလျာ ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပြီး အနေတော် အတုံး တုံးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • နာနတ်သီး အတုံးငယ်များ ပန်းကန်လုံးအသေး တစ်လုံးစာ
  • ငရုတ်ပွ အနီနှင့် အစိမ်း (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ချိုချဉ်ဆော့စ် စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။

၂။ ပြောင်းမှုန့်ကို ပန်းကန်လုံးထဲ ထည့်ထားပါ။ ကြက်ဥ ၂ လုံးကိုလည်း အခြားပန်းကန်ထဲတွင် မွှေခလောက်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ ထည့်ထားပါ။

၃။ ကြက်သားတုံးများကို ပြောင်းမှုန့်ဖြင့် ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဆီပူထဲတွင် ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ ကြော်ပြီးသား ကြက်သားတုံးများကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးထဲတွင် ဆီအများကြီး ကျန်နေပါက ဆယ်ထုတ်ထားပါ။ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့်ပဲ ဒယ်အိုးထဲတွင် ချိန်ထားခဲ့ပါ။ ထို့နောက် နာနတ်သီးတုံးများနှင့် ငရုတ်ပွတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ နာနတ်သီးနှင့် ငရုတ်ပွတို့ နူးအိသွားပါက ကြက်သားတုံးများ ထည့်ပါ။ ချိုချဉ်ဆော့စ် ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ ဆော့စ်က ပွက်ပွက်ဆူလာသည်အထိ ကြော်လိုက်ပါ။

၆။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ကာ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ ဖြူးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ချိုချဉ်ကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Cravinghomecooked.com