အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ ကြက်ခြေထောက်ချိုချဉ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် ၁၀ အောင်စ
  • ကြက်သွန်မြိတ် ၂ ပင်
  • ဂျင်းအတုံးသေး ၂ တုံး (ပါးပါးလှီးထားပါ)
  • ရေခဲရေ ၂ လီတာ
  • ငရုတ်သီး ၂ တောင့်

  • ဟင်းချက်ဝိုင် (သို့) ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေနွေးပူ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ခြေသည်းများကို ဖယ်ရှားပြီးနောက် ကြက်ခြေထောက်များကို နှစ်ပိုင်း ပိုင်းထားပါ။ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် အိုးတစ်လုံးထဲထည့်ပါ။ ရေထည့်ပြီးနောက် ပါးပါးလှီးထားသော ဂျင်းတစ်ဝက်နှင့် ကြက်သွန်မြိတ် ၂ ပင်တို့ထည့်ကာ ရေ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၂။ ပွက်ပွက်ဆူလာပါက ကြက်ခြေထောက်များကို ရေခဲရေထဲထည့်ကာ အအေးခံထားလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ဂျင်း၊ ငရုတ်သီး၊ ဟင်းချက်ဝိုင် (သို့) ဆန်ဝိုင်၊ ဆား၊ ရှာလကာရည်၊ သံပုရာရည်၊ သကြားနှင့် ရေနွေးပူတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၄။ ထို့နောက် ကြက်ခြေထောက်များကို ထိုအချဉ်ပန်းကန်လုံးထဲထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် လေလုံအောင် အဖုံးဖုံးထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၈ နာရီကြာ ထည့်နှပ်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ရေခဲသေတ္တာထဲကထုတ်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : Chinasichuanfood.com