အားလုံးပဲ မင်္ဂလာပါ။ ငါးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ငါးချိုချဉ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး တစ်ကောင် (၇၅၀ ဂရမ်ခန့်)
  • ဟင်းချက်ဝိုင် (သို့) ဘီယာ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင်
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြော်ရန် ဆီ

ချိုချဉ်ဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
  • ပါးပါးလှီးထးသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
  • ပြောင်းမှုန့်ရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်းတစ်ဝက်ကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို ဒေါင်လိုက်အနေအထားဖြင့် ဝမ်းဗိုက်သား ခွဲလိုက်ပြီးနောက် အလျားလိုက် ၂ ချက်ခန့် ဓားရာပေးလိုက်ပါ။

၂။ ဆားနှင့် ဟင်းချက်ဝိုင်တို့ကို ငါးရဲ့အတွင်းနဲ့ အပြင် နှစ်ဖက်စလုံးသို့ ဖြူးလိုက်ပါ။ ဂျင်းနှင့် ကြက်သွန်မြိတ်များကို ငါးရဲ့အတွင်းဘက်တွင် ထည့်ထားပြီးနောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။ မိနစ် ၃၀ ပြည့်ပါက ငါးကို ရေပြန်ဆေးပြီးနောက် ကြက်သွန်နီနှင့် ဂျင်းတို့ကို ဖယ်ရှားလိုက်ပါ။

ငါးရဲ့အတွင်းသားကိုရော အပြင်ဘက်အခြမ်းကိုပါ ပြောင်းမှုန့် ဖြူးထည့်ပါ။ ထို့နောက် ၅ မိနစ်ခန့် စောင့်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ငါးကို မီးအေးအေးဖြင့် ၆ မိနစ်၊ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ငါးက ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ချိုချဉ်ဆော့စ် ပြုလုပ်ရပါမယ်။ ဒယ်အိုးအသေးတစ်လုံးတွင် ချိုချဉ်ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံး (ပြောင်းမှုန့်ရည်မှလွဲ၍) ကို ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ပြောင်းမှုန့်ရည်ထည့်ပြီး ဆော့စ်က ပျစ်သွားသည်အထိ တည်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ဆော့စ်ကို ငါးကြော်ပေါ်သို့ လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ငါးချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com