အသီးမှာ သရက်၊ အသားမှာ ဝက် ဆိုတဲ့ စကားအတိုင်းပဲ ဝက်သားဟင်းကတော့ မြန်မာလူမျိုးတွေ အများဆုံးစားသုံးတဲ့ အစားအစာတစ်ခုဆိုလည်း မမှားပါဘူး။ ထိုအစားအစာကို ဒီတစ်ခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းအောင်၊ အချို အချဉ် အရသာနှစ်မျိုးစလုံးလည်း ပါဝင်အောင် ဘယ်လိုကြော်လှော်ရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၀၀ ဂရမ်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • တရုတ်ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းတုံး အနည်းငယ်
  • ဆီ

မုန့်နှစ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

ကြက်သားမှုန့်က ကျန်းမာရေးနဲ့ ညီညွတ်ပါသလား

  • ဂျုံမှုန့် ၅၀ ဂရမ်
  • ပြောင်းမှုန့် ၅၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေ ၁၀၀ မီလီလီတာ

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး Ketchup နှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ရေနွေးပူ ၁၂၅ မီလီလီတာ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ရေနွေးပူတို့ထည့်ပြီး သမအောင် မွှေထားပါ။ အခြားပန်းကန်လုံးတစ်လုံးထဲမှာတော့ ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ရေ စားပွဲတစ်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောနှောထားလိုက်ပါ။

၂။ ဝက်သားတုံးများကို အနေတော် အတုံးတုံးထားပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲ ထည့်ထားပါ။ ထို့နောက် ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းချက်ဝိုင်၊ သကြားနှင့် ဂျင်းတို့ထည့်ကာ သမအောင် မွှေပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံး အကြီးတစ်လုံးထဲမှာ ပြောင်းမှုန့် ၅၀ ဂရမ်၊ ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် ရေ ၁၀၀ မီလီလီတာတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ ဝက်သားတုံးများကို ထိုမုန့်နှစ်ထဲထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဝက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ဝက်သားတုံးများ ရွှေညိုရောင် ပြောင်းသွားပါက အိုးထဲမှ ဆယ်ယူလိုက်ပါ။

၅။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး Ketchup ထည့်ပါ။ သကြားနှင့် ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။ ဗူစီဖောင်းလေးများဖြင့် ပွက်ပွက်ဆူလာပါက ဂျင်း ကြက်သွန်မြိတ်ရေများ ထည့်ကာ မွှေပေးလိုက်ပါ။

၆။ ထို့နောက် ထိုအိုးထဲသို့ သံပုယိုရည်၊ ဆားနှင့် ပြောင်းမှုန့် ရေအရောအနှောကို လောင်းထည့်လိုက်ပါ။ ဆော့စ်အရည်က ပျစ်သွားပြီဆိုပါက စောစောက ကြော်ထားသော ဝက်သားတုံးများ ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

ဆော့စ်များ ဝက်သားတုံးပေါ်မှာ ပျံ့နှံ့သွားပြီဆိုရင်တော့ အိုးထဲက ချက်ချင်းဆယ်ယူလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com