အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာက အချိုအစပ်ကဲပြီး အရသာရှိတဲ့ ကင်းမွန် ချိုချိုစပ်စပ် ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းဖြူလေး စေးစေးအိအိလေးနဲ့ တွဲစားလို့ကောင်းသလို ရေနွေးကြမ်းနဲ့ အဆာပြေစားလို့လည်း ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမွန်  –  ၄၀ဝ ဂရမ်
  • ကြက်သွန်နီ  –  တစ်ခြမ်း
  • ကြက်သွန်မြိတ်  –  ၄ ပင်
  • ကြက်သွန်ဖြူ  –  ၂ မြွှာ
  • ဂျင်း  –  ပါးပါးလှီး ၃ ပြား

  • ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း
  • နှမ်းဆီမွှေး  –  အနည်းငယ်
  • ပျားရည်  –  အနည်းငယ်
  • သကြား  –  စားပွဲဇွန်းတစ်ဝက်
  • ပဲငံပြာရည်  –  အနည်းငယ်

Source: The Spruce

  • ငါးငံပြာရည်  –  အနည်းငယ်
  • ပြောင်းဖူးကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ  –  စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ အနည်းငယ်

ချက်ပြုတ်နည်း

ကင်းမွန်ကို ထက်ခြမ်းခွဲပါ။ အတွင်းဘက်က အစာအိမ်နှင့် အနှစ်များကို ခေါင်းနဲ့ အတူ ဖယ်လိုက်ပါ။ အရေခွံနွှာ ပြီးတော့ ခေါင်းကို အလယ်ကနေ ထက်ခြမ်းခြမ်းပါ။ မျက်စိတွေကို ထုတ်လိုက်ပြီး သွားလိုမျိုး မာနေတဲ့အရာတွေကို ဖယ်လိုက်ပါ။ ပြီးရင် ကင်းမွန်ကို ဆားနဲ့ သေချာပွတ်နယ်ပြီး ရေများများနဲ့ စင်စင်ဆေးလိုက်ပါ။

ပြီးရင် အပိုင်းလေးတွေလှီးဖြတ်လိုက်ပါ။

ကင်းမွန်ကို လှီးတဲ့အခါ အကွက်ပေါ်ချင်ရင် ကင်းမွန်ရဲ့ အတွင်းဘက်ကနေ ဓားရာ အစင်းကြောင်း လေးများ ပေးရပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ တို့ကို ပါးပါးလှီးလိုက်ပါ။

ကြက်သွန်ဖြူနဲ့ ဂျင်းကို အပြားရိုက်ပြီး နုတ်နုတ်စင်းလိုက်ပြီး ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊ ငါးငံပြာရည်နှင့် ပဲငံပြာရည်တို့ကိုထည့်ပြီး သမအောင်မွှေထားပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီကို ဆီသတ်လိုက်ပါ။ ပြီးရင် ကင်းမွန်ထည့်လိုက်ပြီး မီးပြင်းပြင်းဖြင့် ကြော်ပါ။ အသီးအရွက်တွေထည့် ဆော့စ် ထည့်ပြီး မွှေပါ။ ရခါနီးရင် ကော်ရည်ထည့်မွှေပါ။ နှမ်းဆီမွှေး၊ ပျားရည်ထည့်မွှေကာ  အရသာ လိုအပ်သလို ပြုပြင်လိုက်ပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar