အားလုံးပဲမင်္ဂလာပါနော်။ ချိုသလိုလိုနဲ့ ခပ်စပ်စပ်အရသာလေးကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ပုဇွန် ချို စပ် ချက်နည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၂၂ ကောင်ခန့် (အခွံသန့်ပေးထားပါ)
  • ဆီ
  • အကြော်မှုန့် အနည်းငယ်
  • ကြက်ဥ ၁ လုံး
  • ငရုတ်ပွသီး အနည်းငယ်

  • ကြက်သွန်ဖြူ အနည်းငယ်
  • ဂျင်းအညန်းငယ်
  • ကြက်သွန်မြိတ်၊ ကြက်သွန်နီအနည်းငယ်
  • ငရုတ်သီးအစပ်သီး အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကမာဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

အရင်ဆုံး ပုဇွန်ကို ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ထားလိုက်ပါ။

အသီးအရွက်တွေကို ပြင်ဆင်ပါ။

ဆော့လ်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။ သကြားအရည်ပျော်တဲ့အထိ ထားပါ။

ပုဇွန်ကို အကြော်မှုန့်၊ ကြက်ဥတို့နဲ့ သေချာနယ်ပေးလိုက်ပါ။

ဆီပူပူထဲမှာ ပုဇွန်ထည့်ကြော်လိုက်ပါ။

ရပြီဆိုရင် ဆီစစ်ထားလိုက်ပါ။

ပြီးရင်ဆော့ အသီးအရွက်ဆွေကို ဆီသပ်ပြီး ကြော်ပေးလိုက်ပါ။

ဆော့စ် ထည့်ပေးလိုက်ပါ။

ပြီးရင် ပုဇွန်ထည့်ပြီး သေချာမွှေပေးလိုက်ပါ။

၅ မိနစ်လောက် မွှေပေးပြီးရင် ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar