အိမ်မှာကိုယ်တိုင်အချဉ်လုပ်စားချင်တဲ့သူတွေအတွက် Sweet Chili Sauce ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ငရုပ်သီးအပွတောင့်အကြီးကြီးတွေကို ပန်းကန်လုံးတစ်လုံးစာရအောင် သေးသေးလေးတွေလှီးထားပါ။

ချေဖို့အတွက်စက်မရှိရင် Blender ထဲထည့်ကြိတ်လို့ရပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူလုပ်လို့ရအောင် Blender ထဲကို ရေနည်းနည်းလေးထည့်ပြီး ခုနကလှီးထားတဲ့ ငရုပ်သီးတွေထည့်ပါ။

အစပ်အတွက် ငရုပ်သီတောင့်အသေးလေး ၂ တောင့်လောက်ထည့်ပါ။ ကြက်သွန်ဖြူ ၈ တက် ထည့်ပါ။ ပြီးရင်ကြိတ်ချေလို့ရပါပြီ။

ပြီးရင် အိုးထဲပြောင်းထည့်ပြီး ရှာလကာရည်ကို ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာထည့်ပါ။ သကြား – ခွက်တစ်ခွက်စာနဲ့ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာ ထည့်ပါ။ ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး ခဏမွှေနေပေးပါ။

tapioca starch ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာယူပြီး ရေနည်းနည်းနဲ့ ဖျော်ကာ ထည့်ပါမယ်။ ပြီးရင် ပျစ်သွားတဲ့အထိတည်ပြီး မွှေနေပေးပါ။

ပျစ်သွားပြီဆိုရင် ရပါပြီ။ ကိုယ်ထည့်မယ့်ပန်းကန် (သို့) ပုလင်းထဲထည့်ပြီး အအေးခံထားပါ။ အေးသွားတာနဲ့ ကိုယ်ကြိုက်နှစ်သက်ရာနဲ့ တို့စားနိုင်တဲ့ Sweet Chili Sauce ကောင်းကောင်းလေးကို ရသွားပါပြီ။

Source:www. pailin’skitchen