အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သား ချိုချို ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ကြက်သားကတော့ လူတိုင်းကြိုက်ကြတဲ့ အသားတစ်မျိုးဖြစ်ပြီး လူစားအများဆုံးလည်းဖြစ်ပါတယ်။
ကြက်သားကို ဒီအတိုင်းကြော်စားတာထက် ချိုချိုလေးနဲ့ ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- အရိုးမပါတဲ့ ကြက်သား (ရင်အုံသား) ၁၅ ကျပ်သား
- နို့ ခွက်တစ်ဝက်
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
- ဂျင်း တောက်တောက်စဉ်း အနည်းငယ်
- ပြောင်းဖူးကော်မှုန့် အနည်းငယ်
- ဆီ
ဆော့စ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဝိုင်ဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
Source: PepperScale
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူတောက်တောက်စဉ်းအနည်းငယ်
- ဂျင်း တောက်တောက်စဉ်း အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်၊ မြေပဲ (သို့) ဗာဒံစေ့ အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို အတုံးလိုက်လှီးပြီး ရေသေချာဆေးကာ နို့နဲ့ ၂ နာရီလောက် စိမ်ထားပါ။
ရေသေချာဆစ်လိုက်ပြီး အဆီတွေကို ဖယ်ရှားပေးလိုက်ပါ။
ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နယ်ပေးလိုက်ပြီးမိနစ် ၂၀၊ ၃၀ ခန့်ထားထားပါ။
အိုးထဲကို ဆီထည့်လိုက်ပြီး ဆော့လ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပါ။
၃ မိနစ်ခန့်မွှေပေးလိုက်ပြီးရင် ရပါပြီ။
ကြက်သားကို ပြောင်းဖူးကော်မှုန့်နဲ့ ဖြူးလိုက်ပြီး သေချာနယ်ပေးလိုက်ပါ။
အဲဒီနောက် ဆီပူပူထဲ ထည့်ကြော်လိုက်ပါ။
ရပြီဆိုရင်တော့ အနှစ်ကို အပူပြန်ပေးပြီး ကြက်သားထည့်ကာ မွေပေးလိုက်ပါ။
အားလုံးနှံ့သွားရင် မြေပဲ (သို့) ဗာဒံစေ့ဖြူးပြီး စားလို့ရပါပြီ။
Source: www.koreanbapsang.com
By: MyStyle Myanmar