အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သား ချိုချို ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကြက်သားကတော့ လူတိုင်းကြိုက်ကြတဲ့ အသားတစ်မျိုးဖြစ်ပြီး လူစားအများဆုံးလည်းဖြစ်ပါတယ်။

ကြက်သားကို ဒီအတိုင်းကြော်စားတာထက် ချိုချိုလေးနဲ့ ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ ကြက်သား (ရင်အုံသား) ၁၅ ကျပ်သား
  • နို့ ခွက်တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • ပြောင်းဖူးကော်မှုန့် အနည်းငယ်
  • ဆီ

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

Source: PepperScale

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်းအနည်းငယ်
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်၊ မြေပဲ (သို့) ဗာဒံစေ့ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို အတုံးလိုက်လှီးပြီး ရေသေချာဆေးကာ နို့နဲ့ ၂ နာရီလောက် စိမ်ထားပါ။

ရေသေချာဆစ်လိုက်ပြီး အဆီတွေကို ဖယ်ရှားပေးလိုက်ပါ။

ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နယ်ပေးလိုက်ပြီးမိနစ် ၂၀၊ ၃၀ ခန့်ထားထားပါ။

အိုးထဲကို ဆီထည့်လိုက်ပြီး ဆော့လ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပါ။

၃ မိနစ်ခန့်မွှေပေးလိုက်ပြီးရင် ရပါပြီ။

ကြက်သားကို ပြောင်းဖူးကော်မှုန့်နဲ့ ဖြူးလိုက်ပြီး သေချာနယ်ပေးလိုက်ပါ။

အဲဒီနောက် ဆီပူပူထဲ ထည့်ကြော်လိုက်ပါ။

ရပြီဆိုရင်တော့ အနှစ်ကို အပူပြန်ပေးပြီး ကြက်သားထည့်ကာ မွေပေးလိုက်ပါ။

အားလုံးနှံ့သွားရင် မြေပဲ (သို့) ဗာဒံစေ့ဖြူးပြီး စားလို့ရပါပြီ။

Source: www.koreanbapsang.com

By: MyStyle Myanmar