ရာသီဥတုအေးတဲ့ အချိန်လေးဆိုရင် ဒီအချို ပူပူလေးကို စားလိုက်ရင် နွေးသွားပြီး၊ ပူပြင်းတဲ့အချိန်မှာ စားလိုက်ရင်လည်း ရင်ကို အေးစေပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး – ၅၀၀ ဂရမ်

ကန်စွန်းဥဝါ – ၅၀၀ ဂရမ်

ပုလဲသာကူ – ၁၇၅ ဂရမ် (တစ်ထုပ်)

နို့စိမ်း – ၁ ဗူး

အုန်းသီး – ၁ လုံး

ဆား – အနည်းငယ်

ဆွမ်းမွှေးရွက် – ၂ ရွက်

သကြား – မိမိနှစ်သက်သလို

ပြင်ဆင်ပြုလုပ်နည်း

ပထမဆုံး အုန်းသီးကို ခြစ်ပြီး အဝတ်ပါးလေးထဲ ထည့်ကာ ရေခပ်နွေးနွေးလေးနဲ့ လောင်းပြီး အုန်းနို့ရည် ညှစ်ထုတ်ပါ။ (ဒီနည်းလမ်းက အုန်းနို့ကိုနွားနို့ရာင်ကဲ့သို့ ရရှိစေပါတယ်။)

ရွှေဖရုံသီး ၊ ကန်စွန်းဥဝါတို့ကို အနေတော်အတုံးများ တုံးပြီး တစ်ဝက် ကျက်လောက်အောင် ပေါင်းပါ။

ရေနွေးပွက်ပွက်ဆူမှာ သာကူစေ့တွေကို ထည့်ပြုတ်ပြီး သစ်သားယောင်းမလေးနဲ့ မွှေပေးပါ။ တစ်ဝက်ကျက် (အထဲမှာ မျက်ဆံတစ်ဝက်ကျန်) မှာ ဇကာထဲ လောင်းချပြီး ရေအေးလောင်းပါ။

အုန်းနို့ ၊ သကြား ၊ ဆား ၊ဆွမ်းမွှေးရွက်တို့ကို မီးအေးအေးမှာ တစ်ပွက်ဆူ စတည်ပါ။ ( မီးပြင်းပါက အုန်းနို့များသည် အဆီအဖြစ်သို့ ကူးပြောင်း သွားတတ်သည် ကိုသတိပြု ပါ )

အုန်းနို့ တစ်ပွက်ဆူလာပြီဆိုတာနဲ့ တစ်ဝက်ကျက်ပြုတ်ထားတဲ့ သာကူစေ့တွေ ထည့်ပါ။ သာကူစေ့တွေအားလုံးကျက်ခါနီးမှာ ပေါင်းထားတဲ့ကန်စွန်းဥ၊ ရွှေဖရုံသီးတွေထည့်ပါ။

နောက်ဆုံးနို့စိမ်းလေးလောင်းရင် အုန်းနို့သာကူမှာ ပါဝင်တဲ့အရာအားလုံး ကျက်ပြီးဖြစ်သလို စေးထွေးထွေးကြီး ဖြစ်မနေတဲ့ သာကူချိုလေးရရှိမှာပါ။

Credit: Original