ပန်ကိတ်လုပ်စားချင်သူတွေအတွက်သာမက မနက်စာကို ပေါ့ပေါ့ပါးပါးလေးပဲ စားချင်သူများအတွက်ပါ ပြုလုပ်ရလွယ်ကူတဲ့ ကန်စွန်းဥပန်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘက်စုံသုံး ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
  • ဆား အနည်းငယ်
  • ဇာတိပ္ဖိုလ်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကန်စွန်းဥ ၄ လုံး (ပြုတ်ပြီး အခွံခွာကာ ညက်နေအောင် ထောင်းထားလိုက်ပါ)

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း (အရည်ဖျော်ပြီးသား)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ ဆားနှင့် ဇာတိပ္ဖိုလ်အမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ကြက်ဥနှင့် နွားနို့တို့ကို သမအောင် ရောမွှေပါ။ ပြီးရင်တော့ ကန်စွန်းဥထောင်းနှင့် ထောပတ်တို့ထည့်ကာ သမအောင် နယ်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကန်စွန်းဥအနှစ်များနှင့် ဂျုံမှုန့်အရောအနှောတို့ကို သမအောင် နယ်လိုက်ပါ။

၄။ အိုးမတူးသောဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် စောစောကနယ်ထားသော ကန်စွန်းဥအနှစ်များကို ဇွန်းအကြီးတစ်ဇွန်းစာခန့် ခပ်ယူကာ ဒယ်အိုးပူပေါ် ထည့်လိုက်ပါ။

ကန်စွန်းဥအောက်ခြေက ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပြီးတဲ့နောက်မှာတော့ အခြားတစ်ဖက်သို့လှန်ကာ အညိုရောင်ပြောင်းလာသည်အထိ ဆက်ကြော်ပါ။

၅။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကန်စွန်းဥပန်ကိတ်လေး ရရှိသွားပါပြီ။ ပျားရည်အနည်းငယ် ဆမ်းကာ အားရပါးရ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com