အားလုံးပဲ မင်္ဂလာပါ။ မနက်စာအဖြစ်လည်း စားသုံးနိုင်သလို ထမင်းစားပြီးသွားတဲ့အခါမှာလည်း အချိုပွဲအဖြစ် စားသုံးနိုင်တဲ့ ကန်စွန်းဥအနှစ် သီးစုံဒိန်ချဉ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကန်စွန်းဥ ၁ လုံး
• ဒိန်ချဉ် ၅.၃ အောင်စခန့် (ဖန်ခွက် တစ်ခွက်စာ)
• စတော်ဘယ်ရီသီးနှင့် ဘလူးဘယ်ရီသီး
• စပျစ်သီး
• မြေပဲ (သို့) သီဟိုဠ်စေ့

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီသီးကို အနေတော်အထူခန့် လှီးဖြတ်ထားပါ။

၂။ ကန်စွန်းဥကို ရေစင်အောင်ဆေးပြီး သန့်စင်တဲ့ ဘရက်ရှ်ဖြင့် ပွတ်တိုက်ထားပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ပြီး မီးအပူပြင်းပြင်းဖြင့် မိနစ် ၃၀ ခန့် ပေါင်းထားလိုက်ပါ။

၃။ ကန်စွန်းဥက နူးအိသွားပြီဆိုရင်တော့ ပေါင်းအိုးထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။

၄။ ကန်စွန်းဥကို အခွံခွာထားကာ အတုံးငယ်များ တုံးထားပြီးနောက် သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရလာအောင် မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကန်စွန်းဥအနှစ်များကို ပန်းကန်လုံးတစ်လုံးထဲထည့်ထားလိုက်ပါ။ ထို့နောက် ဒိန်ချဉ်ကို ကန်စွန်းဥအနှစ်ပေါ်သို့ လောင်းချလိုက်ပါ။ ပြီးရင် လတ်ဆတ်တဲ့ သစ်သီးတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီး၊ မြေပဲ (သို့) သီဟိုဠ်စေ့တို့ဖြင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကန်စွန်းဥအနှစ် သီးစုံဒိန်ချဉ်လေးကို အချိုပွဲအဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Spicetheplate.com