ချိုချဉ်အရသာလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ယခုဖော်ပြပေးမယ့် ကြက်သားနာနတ်သီးချိုချဉ်ကြော်လေးက အရသာကွက်တိကျလွန်းနေမှာပါ။ အစပ်မပါဘဲ ချိုချဉ်လေးဆိုတော့ ကလေးတွေလည်း အရသာရှိရှိစားသုံးမှာအမှန်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား ၂ပေါင်
နာနတ်သီး တစ်ခွက်
ကြက်သွန်နီ ခွက်တစ်ဝက်
ငရုတ်ပွ အစိမ်း လှီးပြီးသား ခွက်တစ်ဝက်
ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
သကြား ခွက်ရဲ့ ၄ပုံ၃ပုံ
ငရုတ်ဆီ ခွက်ရဲ့ ၃ပုံ၁ပုံ
နာနတ်သီးအရည် ၃ပုံ၂ပုံ
ဂျုံ ၄ခွက်
ဘီယာ (သို့မဟုတ်)ရေ ၂ခွက်
ရေ တစ်ခွက် (ဒါမှမဟုတ် ဘီယာ)
ဂျုံ လက်ဖက်ရည်ဇွန်း ၃ဇွန်း
ငရုတ်ကောင်းအဖြူ လက်ဖက်ရည်ဇွန်းတစ်ဇွန်း (ငရုတ်ကောင်းအနည်းလည်းရပါတယ်)
နှမ်းစေ့ အနည်းငယ်
ပြုလုပ်နည်း
ကက်သားတွေကို အရင်ဆုံး ရေဆေးပါ။ အဆီတွေ ပါလာရင် ဖယ်ပစ်လိုက်ပါ။ ကြက်သားကို အရွယ်တော်လေးတွေ တုံးပေးပါ။
ဇလုံအကြီးထဲမှာ ဂျုံ၂ခွက် ထည့်ပါ။
ရေ ဒါမှမဟုတ် ဘီယာ ၂ထွက် ထည့်ပါ။
ဂျုံတွေကို သေချာပျော်ဝင်သွားအောင် မွှေပါ။ ပြီးရင် ကြက်သားတွေကို ထည့်လိုက်ပါ။
အခြား ဇလုံထဲမှာ ဂျုံ ၂ထွက်ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်းထည့်ပါ။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ထည့်ပါ။
ဂျုံကို ဗန်းထဲထည့်ပါ ဒါမှမဟုတ် ဇလုံထဲ ထည့်ပါ။ ကြက်သားကို ဂျုံနဲ့ လူးပေးပါ။
ရေ နဲ့ ဘီယာထည့်ပါ။ ဂျုံနဲ့ နှစ်ခါနယ်ပါ။ ပြီးရင် ကြက်သားကို ခဏဖယ်ထားပါ။
ဂျုံ လက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့ ရေတစ်ခွက်ရောပါ။
အိုးထဲကို ငရုတ်ဆီ ခွက် ၃ပုံ၁ပုံ၊ သကြား ခွက် ၄ပုံ၃ပုံ၊ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ နာနတ်သီးရည် ခွက်၃ပုံ၂ပုံ ထည့်ပြီး မွှေပေးပါ။ ပြီးရင် မီးနဲ့ အပူပေးပါ။
မီးကို အနေတော် ထားပြီး အပူပေးပါ။ နာနတ်သီး၊ ကြက်သွန်နီနဲ့ ငရုတ်ပွသီးတွေကို ထည့်ပါ။
ဟင်းရွက်ဆီ ၂ခွက်ကို ဒယ်ထဲကို ထည့်ပါ။ အပူပေးထားပါ။
ဆီတွေ ဆူလာပြီဆိုရင် ကြက်သားထည့်ကြော်ပါ။ အဖုံးမအုပ်ထားပါနဲ့။ မီးကို အတိုးအလျှော့လုပ်ပေးပါ။
မိနစ်လောက် ကြော်ပါ။ ကြက်သားတွေ ရွှေအိုရောင်သန်းလာပြီဆိုရင် ဆယ်ပါ။ ဆီစစ်ထားပါ။
ကြက်သားကို အပေါ်ကနေ sauce တွေကို လောင်းထည့်ပါ။ အပေါ်ကနေ နှမ်းအစေ့လေးတွေ ဖြူးပါ။