ဝက်သားဟင်း ချဉ်ချဉ်စပ်စပ်လေးကိုမှ စားသုံးချင်သူတွေအတွက် ရာသီပေါ် သရက်သီးနဲ့ရောချက်ထားတဲ့ ချဉ်စပ်ဝက်သားဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင် (အတုံးခပ်ကြီးကြီး ၄ တုံး)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်းတုံး အသေးတစ်တုံး (အခွံကို ခြစ်ထားပြီးနောက် အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်သီး ကုလားအော်သီး ၁ လုံး (ပါးပါးလှီးထားပါ)

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • သရက်သီးမှည့် ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံး တုံးထားပါ)
  • ပင်စိမ်းရွက်အနည်းငယ်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးများကို မိမိကြိုက်နှစ်သက်ရာဟင်းခပ်မှုန့်များဖြင့် နယ်ဖတ်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားတုံးများကို ၈ မိနစ်ခန့် ကြော်လိုက်ပါ။ ဝက်သားနှစ်ဖက်ခြမ်းစလုံး အညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးရပါမယ်။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကုလားအော်သီးတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ကြက်ပြုတ်ရည်နှင့် သကြားညိုတို့ထည့်ပြီး မီးပြင်းပြင်းဖြင့် ဆူလာအောင် တည်ထားပါ။ အိုးမတူးဖို့ရန်အတွက် မကြာခဏ မွှေပေးဖို့လည်း လိုပါတယ်။

၃။ ဟင်းရည် ပျစ်သွားတဲ့အခါ (သို့) ၈ မိနစ်ခန့် ပြည့်သွားတဲ့အခါမှာ ဒယ်အိုးထဲသို့ သရက်သီးများ ထည့်ပါ။ ဝက်သားတုံးများထည့်ပြီး ဟင်းရည်ကို ဝက်သားတုံးပေါ်သို့ ဆမ်းပေးလိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး မီးအေးအေးဖြင့် ၂ မိနစ်ခန့် တည်ထားပါ။

မီးဖိုပေါ်ကချခါနီးကျမှ သံပုယိုရည်နှင့် ပင်စိမ်းရွက် အုပ်လိုက်ပါ။

ဒါဆိုရင်တော့ ဟင်းနံ့မွှေးမွှေးလေးနဲ့ အမှန်တကယ်အရသာရှိတဲ့ သရက်သီး ဝက်သားချဉ်စပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Campbells.com