အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆွစ်ဇာလန်လူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ အာလူးပြားကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီအာလူးပြားကြော်ကို သရေစာမုန့်အဖြစ်လည်းစားသုံးနိုင်သလို ထမင်းစားတဲ့အခါ အရံဟင်းအနေနဲ့လည်း စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလယ်အလတ်ဆိုဒ် ၄ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

ထောပတ် ဖြစ်လာပုံ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အာလူး ၄ လုံးကို အခွံခွာပြီး ခြစ်ပြားလေးနဲ့ ခြစ်လိုက်ကာ အာလူးချောင်းလေးများရရှိလာအောင် ခြစ်ချလိုက်ပါ။

ရရှိလာတဲ့ အာလူးချောင်းများကို သန့်ရှင်းတဲ့ အဝတ်စတစ်ခုနဲ့ အရည်စစ်ရပါမယ်။ အဝတ်စရဲ့ အလယ်တည့်တည့်မှာ အာလူးချောင်းတွေ စုထည့်ပြီး ပတ်စည်းထားကာ အရည်ညှစ်ချလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်အခဲကို အရည်ရရှိလာအောင် အပူပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ အာလူးထည့်လိုက်ပါ။ အရည်ပျော်နေသော ထောပတ်၊ ဆားနှင့် ငရုတ်ကောင်းထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။

ထို့နောက် အိုးမကပ်တဲ့ ဒယ်အိုးခပ်ကြီးကြီးတစ်လုံးကို အလယ်အလယ်မီးအပူချိန်ဖြင့် အပူပေးထားလိုက်ပါ။ ဆီထည့်ပြီး ဆီကျက်လာပါက အာလူးချောင်းအရောအနှောများကို ဒယ်အိုးထဲဖြန့်ထည့်လိုက်ပါ။ အလယ်အလတ် မီးအပူချိန်နဲ့ပဲ ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အာလူးပြားလေး ရွှေညိုရောင်သမ်းလာပါက ဇွန်းအပြားအကြီးနဲ့ တစ်ဖက်လှန်ပေးလိုက်ပြီး ၅ မိနစ်၊ ၇ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ထို့နောက် အာလူးပြားကို အညီအမျှပိုင်းလိုက်ပြီး ပန်းကန်ပြားထဲထည့်ကာ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့နဲ့တွဲဖက်စားသုံးနိုင်ပါတယ်။ ဒီအာလူးပြားကြော်ကို သရေစာမုန့်အဖြစ်လည်း စားနိုင်သလို အရံဟင်းအဖြစ်နဲ့လည်း စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com