အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာစပ်စပ်လေးများကို စားသုံးချင်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် ရှူးရှဲ ကြက်သားအစပ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သား ၁ ပေါင် (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်ပွအနီနှင့် ငရုတ်ပွအစိမ်း ၁ လုံးစီ (တစ်လက်မပတ်လည် လှီးဖြတ်ထားပါ)

  • ငရုတ်သီးတောင့် အနီတောင့် ၂၅ တောင့်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ဆော့စ်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သား၊ ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ပန်းကန်လုံးထဲထည့်ကာ ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၃။ တစ်ဖန်ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ငရုတ်ပွ အနီနှင့် အစိမ်း၊ ငရုတ်သီးတောင့်တို့ထည့်ကာ ၄ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပါ။

၄။ ကြက်ကြော်ကို ဒယ်အိုးထဲ ပြန်ထည့်ပါ။ အဆင့် (၁) က ဖျော်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် ရောမွှေပါ။

၅။ ဆော့စ်အရည်များ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိပြီး ရှူးရှူးရှဲရှဲနဲ့ လျှာလည်သွားစေမယ့် ကြက်သားအစပ်ကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com