အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာစပ်စပ်လေးတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ စပ်စပ်လေးနဲ့ စားလို့ကောင်းမယ့် ကြက်သားအစပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်သီးတောင့် ၆ တောင့် (ပါးပါးလှီးထားပါ)နှင့် ငရုတ်သီးတောင့် အခြောက် ၁၅ တောင့်
  • ဆီ ၂၅၀ မီလီလီတာ

  • ကြက်ရင်အုံသား ၃ တုံး (အတုံးခပ်သေးသေး တုံးထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို အတုံးခပ်သေးသေးတုံးထားပါ။ ထို့နောက် ဆားနှင့် နယ်ထားလိုက်ပါ။ ပြီးရင်တော့ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ဒယ်အိုးထဲမှ ချက်ချင်းဆယ်ယူလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပြီး ငရုတ်သီးထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ငရုတ်သီး အခြောက်တောင့်များထည့်ပြီး ထပ်မံမွှေပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ စောစောက ကြော်ထားသော ကြက်သားများထည့်ကာ မွှေလိုက်ပါ။ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတစ်ဝက်နှင့် သကြားတို့ထည့်ပြီး သမအောင် ထပ်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာစပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားအစပ်ကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com