ဟင်းရည် ပူပူစပ်စပ်လေးပါမှ ထမင်းစားမြိန်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်ချဉ်စပ်ဟင်းချို ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • တစ်လက်မပတ်လည် ဂျင်း ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

လူကြိုက်နည်းပေမယ့် အကျိုးများတဲ့ နံနံပင်

  • ရေနွေးနွေး ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • နံနံပင်နှင့် နှမ်းစေ့နည်းငယ် (အလှဆင်ရန်)

အရံပါဝင်ပစ္စည်းများ

  • မှို ၆ ပွင့် (ပါးပါးလှီးထားပါ)
  • ဂေါ်ဖီ ၄ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ၁ စက်၊ ၂ စက်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေဆေးသန့်စင်ပြီးသော ပုစွန်များကို ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဂျင်းတို့ဖြင့် သမအောင် နယ်ပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ဆီ ၂ စက်ခန့်နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ပါ။ မှိုနှင့် ဂေါ်ဖီတို့ထည့်ပြီး နူးအိသွားသည်အထိ တည်ထားလိုက်ပါ။ (အခြားဟင်းသီးဟင်းရွက်များကိုလည်း အသုံးပြုနိုင်ပါတယ်)

နူးအိသွားသော ဟင်းရွက်များကို ဟင်းချိုပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်လိုကပါ။ ရရှိလာသော ပုစွန်များကို ပန်းကန်ပြားထဲသို့ ဆယ်ထည့်လိုက်ပါ။ ဒယ်အိုးထဲတွင် ဆီ ချန်ခဲ့ပါ။

၄။ ဒယ်အိုးထဲသို့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းစေ့တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်နှစ်ထည့်ကာ ဆီက အနီရောင်ပြောင်းသွားသည်အထိ မွှေလိုက်ပါ။ ထို့နောက် ရေနွေးနွေး ၅၀၀ မီလီလီတာထည့်ပါ။ ဆားနှင့် ပဲငံပြာရည်တို့ထည့်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဒယ်အိုးထဲသို့ ပုစွန်ပြန်ထည့်ကာ ၁ မိနစ်ခန့် ရောမွှေလိုက်ပါ။ ထိုပုစွန်ဟင်းချိုကို စောစောက ဟင်းရွက်ထည့်ထားသော ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပါ။ နှမ်းစေ့နှင့် နံနံပင်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချဉ်စပ် ဟင်းချိုလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com