အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အာလူးချောင်းကြော်ပူပူလေးကို တရုတ်စတိုင်လ် ဘယ်လိုကြော်စားကြမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ငရုတ်သီး ၄ တောင့် (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း သုံးဇွန်း
• ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်

• အာလူးတစ်လုံး (အခွံခွာထားပြီး အချောင်းလိုက် လှီးဖြတ်ထားပါ)
• ဆန်ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးချောင်းများကို ရေထဲမှာ မိနစ်အနည်းငယ်ခန့် စိမ်ထားလိုက်ပါ။

၂။ ထို့နောက် အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ကာ အာလူးချောင်းများပါ ထည့်လိုက်ပါ။ တစ်မိနစ်ခန့် တည်ထားလိုက်ပါ။ တစ်မိနစ်ပြည့်ပါက အာလူးချောင်းများကို အိုးထဲမှ ဆယ်ယူလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ငရုတ်သီးများ ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် အာလူးချောင်းများကို ဒယ်အိုးထဲ ထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြက်သွန်နီ၊ ဆား၊ ပဲငံပြာရည်နှင့် ဆန်ရှာလကာရည်တို့ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်ပေးနိုင်ပါတယ်။

၅။ ထို့နောက် အာလူးကြော်များကို ပန်းကန်ထဲ ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးချောင်းကြော် ပူပူလေးကို ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com