အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ဟင်းလျာတစ်ခွက်ဖြစ်တဲ့ ကြက်ဥ အမဲသားလုံးဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၁၂ အောင်စ (နုပ်နုပ်စဉ်းထားပါ)
- နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ညှက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
- သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
- ငရုတ်သီးမှုန့်နှင့် သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
- ခရမ်းချဉ်သီး ၂ လုံး (လေးထောင့် အတုံးငယ် တုံးထားပါ)
- ကြက်ဥ ၄ လုံး
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အမဲသား၊ နံနံပင်၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို သမအောင် ရောနယ်ပါ။
ထို့နောက် အမဲသားလုံး အလုံးသေးသေး လုံးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူ ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ဆီသတ်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီးနှင့် ရေအနည်းငယ်ထည့်ကာ ခရမ်းချဉ်သီးအနှစ်နှင့် အရည်များ ထွက်လာသည်အထိ တည်ပါ။
၄။ ခရမ်းချဉ်သီးအရည်များ ပွက်ပွက်ဆူလာပါက အမဲသားလုံးများထည့်ပါ။ ထို့နောက် အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် တည်ပါ။
၅။ အမဲသားလုံးများ နူးအိသွားပါက ကြက်ဥ ဖောက်ထည့်ရန် နေရာအနည်းငယ် ဖယ်ပေးရပါမယ်။
ထို့နောက် ကြက်ဥ ၄ လုံးကို အမဲသားအိုးးထဲသို့ ဖောက်ထည့်လိုက်ပါ။ ၃ မိနစ်မှ ၅ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ အမဲသားလုံးဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။
Source: Thymeforcookingblog.com