အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ဟင်းလျာတစ်ခွက်ဖြစ်တဲ့ ကြက်ဥ အမဲသားလုံးဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၂ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ညှက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့်နှင့် သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ခရမ်းချဉ်သီး ၂ လုံး (လေးထောင့် အတုံးငယ် တုံးထားပါ)
  • ကြက်ဥ ၄ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အမဲသား၊ နံနံပင်၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ထောင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို သမအောင် ရောနယ်ပါ။

ထို့နောက် အမဲသားလုံး အလုံးသေးသေး လုံးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူ ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ဆီသတ်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီးနှင့် ရေအနည်းငယ်ထည့်ကာ ခရမ်းချဉ်သီးအနှစ်နှင့် အရည်များ ထွက်လာသည်အထိ တည်ပါ။

၄။ ခရမ်းချဉ်သီးအရည်များ ပွက်ပွက်ဆူလာပါက အမဲသားလုံးများထည့်ပါ။ ထို့နောက် အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် တည်ပါ။

၅။ အမဲသားလုံးများ နူးအိသွားပါက ကြက်ဥ ဖောက်ထည့်ရန် နေရာအနည်းငယ် ဖယ်ပေးရပါမယ်။

ထို့နောက် ကြက်ဥ ၄ လုံးကို အမဲသားအိုးးထဲသို့ ဖောက်ထည့်လိုက်ပါ။ ၃ မိနစ်မှ ၅ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ အမဲသားလုံးဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Thymeforcookingblog.com