ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်ဝမ်စတိုင်လ် ကြက်သားအကြွပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အချဉ်ဖောက်ထားသော ပဲပြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှိးထားပါ)

  • ကြက်သား ၁ ပေါင်ခန့် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားပြီး တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • အာလူး ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ အချဉ်ဖောက်ထားသော ပဲပြားများထည့်ပြီးနောက် ဇွန်းဖြင့် ဖိချေထားလိုက်ပါ။ ထို့နောက် ခရုဆီ၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ ထိုပန်းကန်လုံးထဲသို့ ကြက်သားထည့်ကာ သမအောင် ထပ်နယ်ပေးရပါမယ်။ ပြီးရင်တော့ အဖုံးအုပ်ထားကာ အနည်းဆုံး ၂ နာရီမှ တစ်ညခန့် နှပ်ထားရပါမယ်။

၃။ ကြော်ဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့် ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။

၄။ ထို့နောက် ကြက်သားကို အာလူးဂျုံမှုန့်များဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၅။ ဆီပူလာပြီဆိုရင်တော့ ကြက်သားတုံးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြော်ပြီးသွားတဲ့ ကြက်သားတုံးများကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၆။ ပန်းကန်လုံးအသေးတစ်လုံးတွင် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၇။ ကြက်သားများအားလုံး ကြော်ပြီးသွားပြီဆိုရင်တော့ ဆီပူထဲသို့ ကြက်သားများအားလုံး ပြန်ထည့်ကာ စက္ကန့် ၃၀ ခန့် ထပ်ကြော်ပါ။ ပင်စိမ်းရွက်များ ထည့်ပြီး အိုးအဖုံးအုပ်ကာ ၅ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သားကြော်နဲ့ ပင်စိမ်းရွက်များကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် စောစောက ငရုတ်သီးမှုန့်အရောအနှောများ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်ဝမ်စတိုင်လ် ကြက်သားအကြွပ်ကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Seonkyounglongest.com