(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းချက်နည်းကတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကြက်သားကြော်ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြောင်းမှုန့် ၈၅ ဂရမ်
- ပူစီနံ တစ်စည်းခန့်
- ဆီအနည်းငယ်
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
- ဘီယာ စားပွဲတင်ဇွန်း ၁ ဇွန်း
- အရိုးမပါ အရေခွံမပါသော ကြက်ရင်အုံသား ၂ တုံး (၃၂၀ ဂရမ်ခန့်)
- ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
- ကြက်ဥ ၁ လုံး
- ဟင်းခပ်မှုန့် အနည်းငယ်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၂ ဖွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပူစီနံရွက်များကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးတဲ့နောက်မှာ အခြောက်ခံထားလိုက်ပါ။
၂။ ကြက်သားကို အနေတော်အတုံး တုံးပေးပြီးတဲ့နောက်မှာ ပဲငံပြာရည်၊ ဘီယာ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆားနှင့် ဟင်းခပ်အမွှေးအကြိုင်များဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀၊ ၁ နာရီခန့် ထည့်ထားလိုကပါ။
၃။ အချိန်ပြည့်သွားပါက ပြောင်းမှုန့်တစ်ဝက်ခန့်ကို ကြက်သားဖြင့် သမအောင် ရောနယ်ပေးလိုက်ပါ။ ကျန်ရှိတဲ့ ပြောင်းမှုန့်တစ်ဝက်ကို ပန်းကန်ပြားထဲထည့်ထားလိုက်ပါ။ ကြက်သားကြော်ခါနီးကျမှ ကြက်သားတစ်တုံးချင်းစီကို ပြောင်းမှုန့်ဖြင့် ထပ်ကပ်ပေးရပါမယ်။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။ ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။
၅။ ထို့နောက် မီးအနည်းငယ်ပြန်လျော့ပြီးနောက် ပူစီနံရွက်များ ထည့်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ ကြက်သားကြော်များထည့်ကာ စက္ကန့် ၃၀၊ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။
ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားကြော်လေး ရရှိသွားပါပြီ။ အအေးနဲ့အတူတူ အရသာရှိရှိ တွဲဖက်စားသုံးလိုက်ပါ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ ဟင္းခ်က္နည္းကေတာ့ အနံ႔ေမႊးေမႊးေလးနဲ႔ အရသာရွိတဲ့ ၾကက္သားေၾကာ္ပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ေျပာင္းမႈန္႔ ၈၅ ဂရမ္
- ပူစီနံ တစ္စည္းခန္႔
- ဆီအနည္းငယ္
- ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ
- ဘီယာ စားပြဲတင္ဇြန္း ၁ ဇြန္း
- အရိုးမပါ အေရခြံမပါေသာ ၾကက္ရင္အံုသား ၂ တံုး (၃၂၀ ဂရမ္ခန္႔)
- ၾကက္သြန္ျဖဴ ၃ ျမႊာ (ပါးပါးလွီးထားပါ)
- ၾကက္ဥ ၁ လံုး
- ဟင္းခပ္မႈန္႔ အနည္းငယ္၊ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္းႏွင့္ သၾကား စားပြဲတင္ဇြန္း ၂ ဖြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပူစီနံရြက္မ်ားကို ေရျဖင့္ စင္ၾကယ္ေအာင္ ေဆးေၾကာၿပီးတဲ့ေနာက္မွာ အေျခာက္ခံထားလိုက္ပါ။
၂။ ၾကက္သားကို အေနေတာ္အတံုး တံုးေပးၿပီးတဲ့ေနာက္မွာ ပဲငံျပာရည္၊ ဘီယာ၊ ၾကက္သြန္ျဖဴ၊ ၾကက္ဥ၊ ငရုတ္ေကာင္းမႈန္႔၊ သၾကား၊ ဆားႏွင့္ ဟင္းခပ္အေမႊးအႀကိဳင္မ်ားျဖင့္ သမေအာင္ နယ္ဖတ္ထားလိုက္ပါ။ ထို႔ေနာက္ ေရခဲေသတၲာထဲတြင္ မိနစ္ ၃၀၊ ၁ နာရီခန္႔ ထည့္ထားလို္ကပါ။
၃။ အခ်ိန္ျပည့္သြားပါက ေျပာင္းမႈန္႔တစ္ဝက္ခန္႔ကို ၾကက္သားျဖင့္ သမေအာင္ ေရာနယ္ေပးလို္က္ပါ။ က်န္ရွိတဲ့ ေျပာင္းမႈန္႔တစ္ဝက္ကို ပန္းကန္ျပားထဲထည့္ထားလိုက္ပါ။ ၾကက္သားေၾကာ္ခါနီးက်မွ ၾကက္သားတစ္တံုးခ်င္းစီကို ေျပာင္းမႈန္႔ျဖင့္ ထပ္ကပ္ေပးရပါမယ္။
၄။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ၾကက္သားတံုးမ်ားကို ၂ မိနစ္၊ ၃ မိနစ္ခန္႔ ေၾကာ္ေပးရပါမယ္။ ရရွိလာတဲ့ ၾကက္သားေၾကာ္ကို ပန္းကန္ျပားထဲ ဆယ္ထည့္ထားပါ။
၅။ ထို႔ေနာက္ မီးအနည္းငယ္ျပန္ေလ်ာ့ၿပီးေနာက္ ပူစီနံရြက္မ်ား ထည့္လိုက္ပါ။ တစ္ဆက္တည္းမွာပဲ ၾကက္သားေၾကာ္မ်ားထည့္ကာ စကၠန္႔ ၃၀၊ တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
ထိုအဆင့္မ်ားအားလံုး ၿပီးသြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ ၾကက္သားေၾကာ္ေလး ရရွိသြားပါၿပီ။ အေအးနဲ႔အတူတူ အရသာရွိရွိ တြဲဖက္စားသံုးလိုက္ပါ။
Source: Chinasichuanfood.com