အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဆေးသကြားမပါဝင်တဲ့ မန်ကျည်းဖျော်ရည်က ဝမ်းပျော့စေပြီး ဝမ်းမှန်စေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မန်ကျည်းနှစ် ၅ အောင်စ
  • ရေနွေးနွေး စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • လက်မအရွယ်အစားရှိ ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ထောင်းထားပါ)
  • ရေ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ရေခဲအနည်းငယ်

  • မြေပဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အုန်းသီးဖတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မန်ကျည်းနှစ်များထည့်ပြီး ရေနွေးနွေးဖြင့် ဖျော်ပါ။ လက်အိတ်ဝတ်ဖြင့် မန်ကျည်းနှစ်များကို ညှစ်ကာ သမအောင် ဖျော်လိုက်ပါ။

၂။ ရရှိလာတဲ့ မန်ကျည်းဖျော်ရည်ကို အရည်ချည်းပဲ လိုချင်တဲ့အတွက်ကြောင့် ဆန်ခါဖြင့် စစ်ချလိုက်ပါ။ အရည်သပ်သပ်ဖြစ်သွားတဲ့ မန်ကျည်းရည်ကို အိုးတစ်လုံးထဲ ထည့်ပါ။

၃။ ထိုအိုးကို အပူပေးပြီးနောက် သကြားနှင့် ဂျင်းတို့ထည့်ကာ ပွက်ပါက်ဆူလာသည်အထိ တည်ထားပါ။ အမြှုပ်များ ထွက်လာပါက ဖယ်ရှားပေးရပါမယ်။

၄။ ရရှိလာတဲ့ မန်ကျည်းရည်ကို ဖန်ပုလင်းထဲ ထည့်ပြီး အအေးခံထားလိုက်ပါ။

၅။ ထို့နောက် ဖန်ခွက်ထဲသို့ မန်ကျည်းရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပါ။ ရေခဲရေထည့်ကာ သမအောင် ဖျော်ပါ။ ထိုပနောက် မြေပဲနှင့် အုန်းသီးဖတ်များ ထည့်ပါ။

ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ မန်ကျည်းဖျော်ရည်လေး ရရှိသွားပါပြီ။

ဖန်ပုလင်းထဲရှိ မန်ကျည်းရည်များကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ဖျော်သောက်ခါနီးကျမှ အဆင့် (၅)အတိုင်း ဖျော်သောက်နိုင်ပါတယ်။

Source: Delightfulplate.com