မန်ကျည်းရွက် ငပိချက်လေးပါ။ မကျည်းရွက် လတ်လတ်ဆတ်ဆတ် မရှိလို့ မန်ကျည်းပေါင်း ထုတ်လေးနဲ့ ချက်ထားတာပါ ။ချဉ်ငံစပ်မို့ ထမင်းကတော့ အရမ်းကို မိန်စေမှာပါ။ မကျည်းပေါင်းက အငံပါပြီးသားမို့ အငံရှော့ပြီး ချက်ထားသလို အရည်လေး ဆမ်းပြီး စားချင်တာမို့ အရည်လေးစပ်ကျင်းနဲ့ ချက်ထားပါတယ် ။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက်မှုန့် လုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန် တစ်လုံးစာ (မညက်တစ်ညက် ထောင်းထားသော)
- ပေါင်းပြီးသားမန်ကျည်းရွက် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
- ပါးပါးလှီးထားသောကြက်သွန်နီ အနေတော် တစ်ဥ
- ငရုတ်သီးလုံးခြမ်းခွဲ နှစ်ဇွန်းခွဲ (ထမင်းစားဇွန်းမောက်မောက်)
- ငံပြာရည် နှစ်ဇွန်း (ထမင်းစားဇွန်း)
- ဆီ နှစ်ဇွန်းခွဲ (ထမင်းစားဇွန်း)
- ငရုတ်သီးစိမ်း နှစ်သက်သလောက်
- ငရုတ်သီးမှုန့် အနည်းငယ်
- အရသာမှုန့် တစ်ဝက် (လက်ဖက်ရည်ဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ဆီပူပူမှာ ကြက်သွန်နီကို အရင်နွမ်းသွားအောင် ထည့်ကြော်ပါ ။ ကြက်သွန်နီ နွမ်းသွားပါက ငရုတ်သီးမှုန့်ကို မွှေးသွားအောင် ထည့်ဆီသတ်ပါ ။
- ငရုတ်သီးမွှေးသွားပါက မကျည်းပေါင်းကို ထည့်မွှေပေးပါ ။ ပြီးလျှင်ပုဇွန်ခြောက်မှုန့် ၊ ငံပြာရည်နှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ ။
- အားလုံးသမသွားပါက ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ ။
- ပထမတစ်ရည် ခမ်းသွားပါက နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ပေးပါ ။ ပြီးလျှင် ငရုတ်သီးစိမ်း ထည့်မွှေပေးပါ ။
- အရည်များများနှင့် ကြိုက်ပါက ရေများများနဲ့ ချပေးပါ ။ အရည်နည်းနည်းနှင့် ကြိုက်ပါက ရေနည်းနည်းချန်ပြီး ချက်ပေးပြီးရင် ရပါပြီ။
Credit: Mar Mar Lwin