မကျီးသီးမှည့်ငပိချက် အရမ်းကောင်းလွန်းလို့ မပြောဘဲ မနေနိုင်လွန်းလို့ ပြောပါရစေ။ အရမ်းကောင်းပါတယ်။ အစိမ်းနဲ့တော့ မဟုတ်ဘူး အမှည့်နဲ့ ချက်ထားတာပါ။
ချက်နည်းလေးတွေ မျှဝေရင် ချက်စားကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ
- မကျီးသီးမှည့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆီ
- ပုစွန်ခြောက်မှုန့်
- ငပိစိမ်း
ပြုလုပ်နည်း
- ချက်နည်းကတော့ ပုံမှန် မကျီးသီးစိမ်း ချက်သလိုပါဘဲ။ သူကတော မကျီးသီးမှည့်လေးကို အရင်ရေဆေးပြီး ရေနွေး လေးနဲ့ ကြာကြာလေးစိမ် နူးပြီဆိုမှ ဇကာနဲ့တိုက် အနှစ်ရလာပြီဆို ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ဆီးသတ်ပြီး ပုစွန်ခြောက်မှုန့် ၊ ငပိစိမ်း စား၊ အချို ၊ အငံတွေကတော့ အဆင်ပြေသလိုထည်၍ မကျီးအနှစ်တွေထည့် မီးအေးအေးနဲ့ တည်ပေးပါ ။ သတိတော့ ထားရပါမယ်။ သူက ဆီပြန်ခါနီးရင် အဲ့ဒီ မကျီးနှစ်တွေက ပေါက်တတ်တယ်တဲ့ အတွက်ကြောင့်ပါ။
အချိန် အဆကတော့ အဆင်ပြေသလိုပါဘဲ ပုံမှန် ဟင်းချက်သလို ကိုယ်ကြိုက်နှစ်သက်သလို ချက်စားလို့ ရပါသည်။
Credit: Hnin Thuza