တီလားဗီးယားငါး ကို အိန္ဒိယ အစားအစာပြင်ဆင်နည်းအခြေခံနဲ့ပြင်ဆင်ပးထားတာမို့ပရိတ်သတ်များလည်း အကြိုက်တွေ့မယ့်လို့ယုံကြည်ပါတယ်….ချဉ်စပ်အရသာ ကိုအထူးကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ရည်ရွယ်ပြင်ဆင်ပေးထားပါတယ်….
ပါဝင်ပစ္စည်းများ
- တီလားဗီးယားငါးအသားလွှာ – ၁၈၀ ဂရမ်
- သံပုရာသီး – ၁ လုံး
- ဒိန်ချဉ် – ၂ ဇွန်း
- တန်ဒိုရီအနှစ် – ၁ ဇွန်း
- သံလွင်ဆီ – ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ဆလွတ်ရွတ် – အနည်းငယ်
ပြုလုပ်နည်း
- ငါးအသားလွှာကို သံပုရာသီး၊ ငရုတ်ကောင်းမှုန့်၊ တန်ဒိုရီအနှစ်၊ ဒိန်ချဉ်တို့ဖြင့် အရသာသွင်းပါ။
- ဒယ်အိုးထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပါ။
- တီလားဗီးယားငါးအသားလွှာကိုထည့်၍ အိုးကင်းပူကင်ပါ။
- ထို့နောက် ဆလတ်ရွက်၊ သံပုရာသီး၊ သံလွင်ဆီတို့ဖြင့် တည့်ခင်းနိုပ်ပါသည်။