တီလားဗီးယားငါး ကို အိန္ဒိယ အစားအစာပြင်ဆင်နည်းအခြေခံနဲ့ ပြင်ဆင်ပးထားတာမို့ ပရိတ်သတ်များလည်း အကြိုက်တွေ့ မယ့်လို့ ယုံကြည်ပါတယ်….ချဉ်စပ်အရသာ ကိုအထူးကြိုက်နှစ်သက်တဲ့  ပရိတ်သတ်များအတွက် ရည်ရွယ်ပြင်ဆင်ပေးထားပါတယ်….

ပါဝင်ပစ္စည်းများ

  • တီလားဗီးယားငါးအသားလွှာ – ၁၈၀ ဂရမ်
  • သံပုရာသီး – ၁ လုံး
  • ဒိန်ချဉ် – ၂ ဇွန်း
  • တန်ဒိုရီအနှစ် – ၁ ဇွန်း
  • သံလွင်ဆီ – ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဆလွတ်ရွတ် – အနည်းငယ်

ပြုလုပ်နည်း

  1. ငါးအသားလွှာကို သံပုရာသီး၊ ငရုတ်ကောင်းမှုန့်၊ တန်ဒိုရီအနှစ်၊ ဒိန်ချဉ်တို့ဖြင့် အရသာသွင်းပါ။
  2. ဒယ်အိုးထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပါ။
  3. တီလားဗီးယားငါးအသားလွှာကိုထည့်၍ အိုးကင်းပူကင်ပါ။
  4. ထို့နောက် ဆလတ်ရွက်၊ သံပုရာသီး၊ သံလွင်ဆီတို့ဖြင့် တည့်ခင်းနိုပ်ပါသည်။