အားလုံးပဲမင်္ဂလာပါနော်။ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ရင် ချစ်ခင်သူဆီက ပိုမိုနွေးထွေးတဲ့ အချစ်တွေကို အရယူလိုက်ပါနော်။

ဒီတစ်ခါမှာတော့ ဟင်းချက်ဝါသနာပါကြတဲ့သူတွေအတွက် ကင်းမွန်သုပ်လေး ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းနဲ့ ကင်းမွန်သုပ်ပုံကို မျှဝေပေးမှာဆိုတော့ အားလုံးအတွက်အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်နော်။

ပါဝင်ပစ္စည်း

ကင်းမွန် ၈ ကောင်

ကြက်သွန်နီ အလတ်၂ လုံး ပါးပါးလှီးပါ

သံပရာသီး တစ်လုံး

ငရုတ်သီးစိမ်း ၃ တောင့် (မိမိနှစ်သက်သလိုထည့်နိုင်ပါတယ်။)

နံနံပင် အနည်းငယ်

ဆီကျက် အနည်းငယ်

ခနောငါးအသားမှုန့် အနည်းငယ်

ပြုလုပ်နည်း

ကင်းမွန်ကို အနံ့မထွက်အောင် နနွင်းမှုန့်နဲ့ အရင် နှပ်ထားပါတယ်။ ၁ နာရီလောက်ကြိုပြီးနှပ်ထားလို့ရပါတယ်။

ပြီးရင်တော့ ကင်းမွန်အစိမ်းကို ပြုတ်လိုက်ပါ။ ရပြီဆိုရင် ခပ်ပါးပါးလေး လှီးပေးလိုက်ပါ။

ပြီးသွားရင်တော့ ဇလုံတစ်ခုထဲကို ဂေါ်ဖီ နဲ့  ကင်းမွန် ထည့်လိုက်ပါ။

ပြီးရင် နံနံပင်၊ ကြက်သွန်နီ နဲ့ ဆီကိုထည့်လိုက်ပါ။

အဲဒီနောက် အရသာပိုပြီးကောင်းမွန်သွားအောင် ခနော ငါးအသားမှုန့်ကိုထည့်ပါမယ်။ ပြီးရင် သံပရာသီးအရည်ညှစ်ပြီး ထည့်လိုက်ပါ။

အဲဒီနောက် ပါဝင်ပစ္စည်းအားလုံးကို သေချောလေး သမအောင် နှယ်ပေးလိုက်ပါနော်။ (ပဲမှုန့်ကြိုက်ရင် ပဲမှုန့်ထည့်လို့ရပါတယ်။)

ဆားတော့မထည့်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကင်းမွန်မှာ အငံအရသာပါပြီးသားမို့ပါနော်။

သေချာလေး သမအောင် နှယ်ပေးပြီးရင်တော့ ရပါပြီနော်။ ဟင်းလျာကို ပိုပြီး စားချင်စိတ်ဖြစ်အောင် ခရမ်းချဉ်သီး၊ ဆလက်ရွက်တို့ကိုအသုံးပြုလည်း ရတယ်နော်။

ဒီဆောင်းပါးကို ခနောက ကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ရေချိုငါးကြင်းဟာ နူးညံ့ပြီး အာဟာရပြည့်ဝတော့ အိမ်ရှင်မတွေ ဟင်းချက်ဖို့အတွက် အကောင်းဆုံးပါဘဲ။

ခနော ငါးအသားမှုန့်က အရည်အသွေးမြင့် ရေချိုငါးကြင်းကနေ ထုတ်လုပ်ထားပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို အချိုးအစားမျှတစွာ ရောစပ်ထားတဲ့အတွက် ဟင်းလျာတိုင်းကို ချိုမြိန်ပြီး အနံ့အရသာ ပြည့်စုံစေပါတယ်။