ကြက်တောင်ပံဆိုရင် ကြော်စားကြတာများတော့ ဒီတစ်ခါမှာ အရသာရှိရှိလေးလုပ်စားလို့ရအောင် ကြက်တောင်ပံဟင်းချက်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်တောင်ပံ ၇၅၀ ဂရမ်ကို ပန်းကန်ထဲထည့်ပြီး ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကိုထည့်ပြီးနယ်ပါ။ ပြီးတာနဲ့ ဆီအိုးထဲထည့်ကြော်ပါမယ်။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ထားပါ။

ကြက်တောင်ပံကြော်ပြီးကျန်တဲ့ဆီထဲကို ကြက်သွန်နီအလုံးကြီး ၂ လုံးလောက် လှီးထည့်ပါ။ ဆား – အနည်းငယ်ထည့်ပါ။ ရေနည်းနည်းထည့်ပါ။ ကြက်သွန်ဖြူ – ၅ တက်ကို လှီးထည့်ပါ။ ၂ လက်မအရွယ် ဂျင်းကို နုတ်နုတ်ဆင်းပြီးထည့်ပါ။ ရေနည်းနည်းထပ်ထည့်ပြီးမွှေပါ။

ကြော်ထားတဲ့ ကြက်တောင်ပံတွေကို ဒယ်အိုးထဲထည့်ပါ။ ခရုဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းခွဲစာထည့်ပါ။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်စာထည့်မွှေပါ။ ခဏနေရင် ရေနည်းနည်းထည့်ပါ။ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်မွှေပြီး အဖုံးအုပ်ထားပါ။

ခဏနေရင်တော့ ကြက်သွန်မြိတ်လေးအုပ်ပြီး ပန်းကန်ထဲခူးထည့် စားလို့ရပါပြီ။ ကြက်တောင်ပံဟင်းကို ပုံမှန်ချက်နေကျပုံစံတွေနဲ့ နည်းနည်းကွဲထွက်တဲ့နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။

Source: www.pailin’skitchen